11.2.14

ဝန်ကြီး ဦးအုန်းမြင့် ရာထူးမှနှုတ်ထွက်ပေးရေး အောင်လံတွင်ဆန္ဒပြ.




Tuesday, February 11, 2014

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ရာထူးမှ နှုတ်ထွက်ပေးရေးအတွက် ဆန္ဒထုတ်ဖေါ်ပွဲတစ်ခုကို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ မှဦးဆောင်ကာ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းကမကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်းသ တင်းရရှိသည်။


“ပြည်သူတွေအပေါ်မှာပြည်ထောင်စုဝန်ကြီး တစ်ဦးရဲ့ဂုဏ်သိက္ခာ နဲ့မတန်စွာ အာဏာရှင်ဆန်ဆန် ပြောဆိုခဲ့တဲ့ အပေါ်မှာ အစိုးရက ထိရောက်တဲ့အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ပေးခြင်း မရှိတဲ့အတွက် ခုလိုပြည်သူအသံ ကိုကြားသိနိုင်အောင် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်” ဟု ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမြတ်ကိုက ပြောသည်။

ပြီးခဲ့သည့်ရက်အတွင်း ပြည်ထောင်စုဝန်ကြီး၏ မကွေးတိုင်းဒေသကြီး သစ်ရာကောက်ကျေးရွာ ခရီးစဉ်တွင် ပြော ကြားခဲ့သော စကားများနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး၊ အထက်ပါကိစ္စ နှင့်ပတ်သက်ပြီး 
ပြည်သူလွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အရေးပေါ်အဆိုတရပ်တင် သွင်းခဲ့ရာတွင်လည်း အစိုးရကိုယ်စားပြန်ကြားရေးဝန်ကြီးက မီဒီယာများနှင့် 
တွေ့ဆုံစဉ် ပြည်သူ့အသံကိုလည်း နားထောင်ရဦးမည်ဟု ပြောကြားခဲ့မှုအပေါ်ပြည်သူ့အသံအား အစိုးရတစ်ခုလုံးမှ ကြားသိစေရန်အတွက် ယခုကဲ့ သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်းလည်း ဆိုပါသည်။

အထက်ပါဆန္ဒဖော်ထုတ်မှုအား သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ခွင့်ပြုခြင်းမရှိခဲ့သဖြင့် ဖွဲ့စည်း ပုံ အခြေ်ခံဥပဒေအရပေးအပ်ထားသော 
နိုင်ငံသားများမူလအခွင့်အရေးကိုကိုင်စွဲကာ ယခုကဲ့သို့ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လည်း၎င်းကပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုတွင် စုစုပေါင်းအင်အား (၁၀၀၀)ခန့်ပါဝင်ခဲ့ကြပြီး 
ပြည်ထောင်စူဝန်ကြီးဦးအုန်းမြင့်အလိုမ ရှိ၊ ပုဆိုးလှန်ဝန်ကြီးအလိုမရှိ၊ ပါးရိုက်ဝန်ကြီးအလိုမရှိ စသဖြင့် ကြွေးကြော်သံများဟစ်အော်ကာ အောင်လံမြို့ တွင်း လှည်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့် ထွက်ထွက် ချက်ချင်းထွက်၊ ပုဒ်မ(၁၈ အလိုမရှိ၊ ဒိမိုကရေစီဖွဲ့ဖြိုးရေး ဒို့အရေး၊ ပါတီစုံနိုင်ငံရေးစနစ် ဆန့်ကျင်သူဒို့ရန်သူ၊ ပါးချမည့်ဝန်ကြီးအလိုမရှိ စသည့်ဆိုင်းဘုတ်များ ကိုင်းဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းလည်း တွေ့ရှိရသည်။
ယခုဆန္ဒဖော်ထုတ်မှုမှာအစိုးရသစ်တက်လာပြီးနောက်ပိုင်း အောင်လံမြို့နယ်အတွင်း ပထမဆုံးသောဆန္ဒဖော် ထုတ်မှုဖြစ်ခဲ့ပြီး ၊ မကွေးတိုင်း ဒေသကြီးအတွင်းဖြစ်ပွါးခဲ့သော ပြည်ထောင်စုဝန်ကြီး ၏ အဖြစ်အပျက်အတွက် မကွေးတိုင်းဒေသကြီး အတွင်း ပထမဦးဆုံး ဆန္ဒဖော်ထုတ်မှုလည်းဖြစ်သည်။

လင်းသက်
မြန်မာ့ခေတ်

0 comments:

Post a Comment