11.2.14

NLD မှ အလုပ်အမှုဆောင်တစ်ဦး အဆိပ်မိသေဆုံးမှု လွှတ်တော်တွင် တင်ပြဆွေးနွေးမည်




Tuesday, February 11, 2014

ကျောင်းကုန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလုပ်အမှုဆောင် ဦးရွယ်လူးအား အိုဗာတင်းပုလင်းနှင့် King Star တံဆိပ်ပါ ပူတင်းမုန့်တွင် အဆိပ်များထည့်ပြီး လုပ်ကြံခဲ့၍ ၂၀၁၄၊ဇန်နဝါရီ ၂ရက်၌ သေဆုံးခဲ့ပြီး သားဖြစ်သူ(၇)တန်းကျောင်းသားမှာ ယခုရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမူ ခံယူနေရသောကြောင့် ယခုတစ်ပတ် လွှတ်တော်တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ရေကြည်မြို့နယ် လွှတ်တော်အမတ် ဒေါက်တာဒေါ်လှမြတ်သွေးက ပြောသည်။

ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက “ကျွန်မတို့ အခုဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံစမ်းနေပါတယ် NLD အဖွဲ့ကလည်း ဒေါက်တာသောင်းထွန်း ဦးဆောင်ကာ ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ တရားစွဲမယ် အမူမှန်မပေါ်မခြင်း စုံစမ်းမယ် ဦးရွယ်လူးဟာ ဒေါင့်ကြီးရွာက ဆင်းရဲ နွမ်းပါးသူများက အလေးထားကျတယ် ဘာလို့လဲဆိုတော့ သူက လယ်ယာမြေ ကိစ္စတွေလည်း သူကိုတိုင်လိုက်ပြီး ဆောင်ရွက်ပေးတယ် ဒီလိုကိစ္စတွေကို သူလိုက်လုပ်ပေးနေတဲ့အတွက်ကြောင့်လည်း ၂၀၁၃၊ အောက်တိုဘာလထဲမှာ လူတစ်အုပ်က အမှောင်ထဲကနေ ခြောင်းမြောင်းရိုက်တာကိုလည်း ခံခဲ့ရတယ် သေချာတာက သူကိုမနာလိုတဲ့သူတွေ ရှိနေတယ် တကယ်လည်းသူကို မနာလိုသူတွေရှိပါတယ် အခု ကျွန်မတို့ ဒီအပတ်ထဲမှာပဲ လွှတ်တော်မှာ ကာလုံတင်သွားမယ်”ဟု ပြောသည်။

၎င်းဖြစ်ရပ်နဲ့ပတ်သက်ပြီး ရေကြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးသည် ယခုအပတ်ထဲတွင် ကျင်းပမည့် လွှတ်တော်အစည်းဝေး၌ ဗိုလ်မှူးကြီး မောင်မောင်ဝင်းအား အဖြစ်မှန် ပေါ်ပေါက်ရန်အတွက် ကာလုံတင်သွားမည်ဖြစ်ပြီး NLD အဖွဲ့အစည်းကလည်း သမ္မတဦးသိန်းစိန်ထံသို့စာတင်သွားမည့်ဖြစ်သည်။

၎င်းနောက် ဒေါင့်ကြီးကျေးရွာမှ ရဲအုပ်ဦးခင်မောင်ဆွေအား အမူဖွင့်တိုင်ကြားခဲ့ရာ ပုဒ်မ(၃၀၇)ဖြင့် အမူဖွင့်လက်ခံခဲ့သည်။ ၎င်းအမူဖွင့်ဆိုထားပြီး ဖြစ်သောလည်း ရဲအုပ်ဦးခင်မောင်ဆွေသည် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ လိုက်လံစုံစမ်းမေးမြန်းချင် မရှိသေးကြောင်းကိုလည်း ဒေါက်တာလှမြတ်သွေးက ပြောထားသည်။

၂၀၁၃၊ ဒီဇင်ဘာ၃၁ရက်တွင် ဦးရွယ်လူးသည် ပူတင်း(၂)တုံး၊ သားဖြင့်သူအား(၁)တုံးပေးစားခဲ့ရာ အော့အန်မှုတစ်ချိန် ထပ်မံဖြစ်ပွားခဲ့ပြီး ဒေါင့်ကြီးဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မသက်သာ၍ ပုသိမ်မြို့သို့ သားအဖနှစ်ဦးစလုံးအား ပို့ဆောင် ဆေးဝါးကုသနေစဉ် ၂၀၁၄၊ ဇန်နဝါရီ ၂ရက်တွင် ဦးရွယ်လူး သေဆုံးသွားကြောင်း သိရသည်။

၎င်း၏သားဖြစ်သူ (၇)တန်း ကျောင်းသားမှာ အခုဆေးရုံကြီးတွင် ဆေးဝါးဆက်လက်ကုသမူ ခံယူနေတာကိုလည်း သိရသည်။

ချစ်မင်းထွန်း

မြန်မာ့ခေတ်

0 comments:

Post a Comment