11.2.14

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုးတက်ရန် အစိုးရသာမက အားလုံးနှင့်သက်ဆိုင်၍ တတ်နိုင်သည့်ဘက်မှ တာဝန်ယူဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုးတက်ရန်မှာ အစိုးရတွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ အားလုံးနှင့်သက်ဆိုင်ခြင်းဖြစ်ရာ တတ်နိုင်သည့်ဘက်မှတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဖေဖေဖော်ရီ ၈ရက်က ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်၏ နှစ်ပတ် လည်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ““တိုင်းပြည်မှာ ကျန်းမာရေးဟာ အင်မတန်မှ အလွန်အရေးကြီးတယ်။ အားလုံးက ၀ိုင်းဝန်းပြီးတာဝန်ယူဖို့လိုတယ်။ အစိုးရကအဓိကဆိုပေမယ့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ အားလုံးဝိုင်းဝန်းပြီးတော့ ပြည်သူပြည်သားများရဲ့ ကျန်းမာရေးအတွက် တာဝန်ယူရမယ်။ တတ်နိုင် သလောက် လုပ်ဆောင်ပေးရမယ်လို့ ကျွန်မတို့ ဒီလိုပဲ ယုံကြည်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကွန်ရက်ကို ဖွဲ့စည်း တည် ထောင်ရတာပါ””ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်၏ နှစ်ပတ်လည်ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် ရရှိ လာသည့် အလှူငွေများကို ရွေ့လျားခွဲစိတ်ခန်းနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထူထောင်ရာတွင် အသုံးပြု သွားရန်ရှိကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment