28.2.14

သက်ကြီးပိုင်းများထိုင်သည့်ရွှေဆိုင်၊ အရောင်းဝန်ထမ်းနည်းသည့်ဆိုင်များတွင် လိမ်လည်မှုများရှိနေဟုဆို

ရန်ကုန်မြို့တွင်းရွှေဆိုင်များတွင် သက် ကြီးပိုင်းများထိုင်သည့်ဆိုင်များနှင့် အရောင်း ဝန်ထမ်းနည်းသည့်ဆိုင်များတွင် ရွှေလိမ်လည် မှုများရှိနေကြောင်း ရွှေဆိုင်များ၏ပြောပြချက် အရသိရသည်။


လိမ်လည်မည့်သူများသည် ဆိုင်အခြေ အနေအားကြိုတင်လေ့လာ၍ ဝယ်ယူရန်ဟန် ဆောင်ကာ ပစ္စည်းများပြခိုင်းပြီး ရွှေအရောင်း ဝန်ထမ်းများအလစ်တွင် ရွှေများခိုးယူခြင်းနှင့် ရွှေတုများနှင့်လဲလှယ်ခြင်းများပြုလုပ်ကြောင်း ရွှေဆိုင်များက ဆိုသည်။

သမာဓိရွှေဆိုင်မှ ကိုတင်ကိုက ''ကျွန်တော့် ဆိုင်ဆိုရင် လုံခြုံရေးလဲ ထားတယ်။ ဆိုင်တွင်း ဆိုင်ပြင်တွေကိုလဲ CCTV ကင်မရာတွေတပ် ထားတယ်။ အများစုလိမ်တဲ့သူတွေက အဘိုး အဘွားတွေနဲ့ လူနည်းတဲ့ဆိုင်တွေကို ပိုပြီး မျက်စိကျတယ်''ဟုပြောသည်။
ယင်းအခြေအနေများကြောင့် ဆိုင်အ တွင်းသို့ဝယ်သူများရောက်ရှိလာလျှင် ဝန်ထမ်း များအနေဖြင့် ဂရုစိုက်ကြည့်ရှုခြင်းများစေခိုင်း ထား၍ လုံခြုံရေးဝန်ထမ်းများလည်း ထားရန် လိုအပ်ကြောင်း ရွှေဆိုင်ပိုင်ရှင်များကဆိုသည်။

တိတ်စိန်ရွှေဆိုင်မှကိုဇော်အောင်က ''လိမ် မယ့်သူက ဆိုင်ထဲကပစ္စည်းတွေကို တစ်မျိုး ပြီးတစ်မျိုးထုတ်ကြည့်တယ်။ လူလစ်သွားပြီဆို ရင် ဝှက်ယူသွားတယ်။ ဒီရက်ပိုင်းလေးတင် ကျွန်တော့်ဆိုင်က ကြိုးတစ်ကုံးပါသွားတယ်''ဟု ပြောသည်။

ယင်းကဲ့သို့ဖြစ်ရပ်များအပြင် လိမ်လည် မည့်သူများသည် လိမ်လည်မည့်ရွှေဆိုင်မှလက် ရာများနှင့်တူသည့်ရွှေအတုများအား ကြိုတင် ပြုလုပ်ပြီး အဆိုပါဆိုင်သို့လာရောက်၍ ဝန် ထမ်းများအလစ်တွင် ရွှေများလဲယူကာ ပြစ်မှု ကျူးလွန်သည်များလည်းရှိကြောင်း ရွှေဆိုင် ပိုင်ရှင်များက ဆိုသည်။

0 comments:

Post a Comment