28.2.14

Ted 2 ဇာတ်ကားတွင် မီလာကူးနစ်၏ ဇာတ်ကောင် နေရာ၌ အမန်ဒါဆေး ဖရိုက်ထ် သရုပ်ဆောင် သွားမည်

Friday, February 28, 2014

မကြာမီရိုက်ကူးမည့် Ted 2 ဇာတ်ကားတွင် ဟောလီးဝုဒ် မင်းသမီးချော မီလာကူးနစ်သည် ခေါင်းဆောင် မင်းသမီးအဖြစ် သရုပ်ဆောင်မည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း သူမ၏ နေရာတွင် အမန်ဒါဆေးဖရိုက်ထ်ကို အစားထိုးမည် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ခေါင်းဆောင် မင်းသမီး အပြောင်းအလဲ ပြုလုပ်ရသည့် အကြောင်းအရင်းမှာ ဇာတ်လမ်း ရေးသားသူများဖြစ်ကြသည့် Seth Macfarlane ၊ Alec Sulkin နှင့် Wellesley Wild တို့၏ အမြင် မတူညီမှုကြောင့် ဖြစ်ကြောင်း သိရသည်။

မီလာကူးနစ်သည် ၄င်းဇာတ်ကား၌ ဇာတ်ပို့နေရာတွင် ပါဝင် သွားနိုင်ဖွယ်ရှိကြောင်း အနုပညာ အသိုင်းအဝိုင်းက ခန့်မှန်း ပြောကြားထားသည်။

အမန်ဒါဆေးဖရိုက်ထ်၏ ဇာတ်ကောင်သည် Ted 2 ဇာတ်လမ်းနှင့် အံဝင်ခွင်ကျဖြစ်၊ မဖြစ်ကိုမူ မသိရှိရသေးဟု သိရသည်။

နောက်ဆက်တွဲ သတင်းအနေဖြင့် ယင်းဇာတ်ကားကို ၂ဝ၁၅ ခုနှစ် ဇွန် ၂၆ ရက်တွင် ရုံတင် ပြသနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment