28.2.14

ရွှေဂုံတိုင် ဂုံးကျော်တံတားကြီးကို မတ်လ ၅ ရက်နေ့တွင် အပြီးသတ် လွှဲပြောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနေ့တွင် ဖြတ်သန်းသွားသောကားများအား လက်ဆောင်များပေးသွားမည်

ရန်ကုန်မြို့အား အဆင့်မြင့် မြို့တော်ကြီး အဖြစ် ဖော်ဆောင် လာမှုနှင့် အညီ ယာဉ်ကြော ပိတ်ဆို့မှုများ သည်လည်း နေ့စဉ်နှင့် အမျှ ဖြစ်ပေါ် နေမှုများကို ကင်းဝေး နိုင်စေရန် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၏ ကြီးကြပ်မှု ဖြင့် Capital Development Limited ( CDL ) ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် ခဲ့သော ရွှေဂုံတိုင် ခုံးကျော် တံတားကြီး ကို လာမည့် မတ်လ ၅ ရက်တွင် အပြီးသတ် လွှဲပြောင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။ 
" ဒီတံတားကြီး ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ကနေ စတင် တည်ဆောက်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ပြီးစီးလို့ မော်တော်ယာဉ် တွေကို စတင် ဖြတ်သန်း မောင်းနှင် ခွင့်ပြု ခဲ့ပါတယ် ၊ အခု လာမယ့် မတ်လ ၅ ရက်မှာ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ သက်ဆိုင်ရာ မြို့တော် စည်ပင် ကို အပြီး လွှဲပြောင်း အပ်နှံပေးပြီး ဖွင့်ပွဲ ပြုလုပ် သွားမှာပါ ၊ ဒီတံတားကြီး ကို ကျွန်တော်တို့ CDL ကုမ္ပဏီ အင်ဂျင်နီယာ တွေက ဂျပန်နိုင်ငံ JFE ကုမ္ပဏီရဲ့ နည်းပညာ များနဲ့ ပေါင်းစပ်ပြီး ဆောက်လုပ် ထားတာပါ ၊ ရန်ကုန်မြို့ အနေနဲ့ တောင် မဟုတ်ပါဘူး ၊ မြန်မာနိုင်ငံ အနေနဲ့ ခုံးကျော်တံတား တွေထဲမှာ အကွေ့အကောက် အများဆုံး ဖြစ်တာကြောင့် ယာဉ်သွား လာမှုတွေကို အဆင်ပြေအောင် ဂျပန် နည်းပညာ တွေပါဝင်တဲ့ Steel Box Girder စနစ်တွေနဲ့ ပတ်ဝန်းကျင် ဆူညံမှု မရှိစေရန် အသံထိန်း စနစ်တွေ ပါဝင်ပါတယ် " ဟု CDL ကုမ္ပဏီ မှ အုပ်ချုပ် / စီမံ ဌာနမှ စီမံကိန်း အရာရှိ ဦးညီညီမျိုးမြင့် က ပြောကြား ခဲ့သည်။
အဆိုပါ ခုံးကျော်တံတား ကြီးသည် ရွှေဂုံတိုင် လမ်းမကြီး ကိုဖြတ်ကာ ကမ္ဘာအေး ဘုရား လမ်းမကြီး ပေါ်တွင် တည်ဆောက် ထားပြီး သံကူ ကွန်ကရစ် အမျိုးအစား လေးလမ်းသွား ဖြစ်သည်။ လမ်းအကျယ် မှာ ၄၅ ဒသမ ၅၉ ပေ ကျယ်ပြီး တံတား အရှည်မှာ ပင်မနှင့် ချဉ်းကပ် အပါအ၀င် ၂၀၅၉ ဒသမ ၅၅ ပေ ရှည်လျား သည်။ ယာဉ် ခံနိုင်ဝန် တန် ၆၀ ဖြစ်ပြီး အမြန်ဆုံး တစ်နာရီ ကီလိုမီတာ ၅၀ နှုန်းဖြင့် မောင်းနှင် နိုင်ကြောင်း သိရသည်။
အဆိုပါ တံတားကြီး ကို မတ်လ ၅ ရက် နံနက် ၇ နာရီခွဲတွင် စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ် ပေးသွားမည် ဖြစ်ပြီး ယင်းနေ့တွင် တံတားပေါ်၌ ဖြတ်သန်း မောင်းနှင်လျက် ရှိသော မော်တော်ယာဉ် များကို လက်ဆောင် ပစ္စည်းများ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မောင်မျိုး (ဧရာဝတီ)
By Myawady Daily

0 comments:

Post a Comment