28.2.14

နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်ရန် အစိုးရထံ ဘတ်ဂျက်တောင်းဆို

နိုင်ငံခြားခရီးသွား ဧည့်သည်များအား ဆွဲဆောင်သည့် လုပ်ငန်းများလုပ်ကိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရန်ပုံငွေချထား ပေးစေလိုကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားခရီးသွားဝင် ရောက်မှုမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ လာအို၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အလွန် နည်းနေသေးသောကြောင့် ယခုလိုတောင်းဆို ခြင်းဖြစ်သည်။

''အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ခရီးသွားဝင် ရောက်မှုက နည်းနေသေးတယ်။ သူတို့တွေ ဘာလုပ်လဲ လေ့လာကြည့်၊ နိုင်ငံခြားခရီးသွား တွေလာအောင် ဆွဲဆောင်တဲ့လုပ်ငန်းတွေလုပ် တယ်။ အစိုးရကလဲ ကူညီပေးတယ်။ ခရီးသွား လုပ်ငန်းဆိုတာက နိုင်ငံအတွက် အခွန်ငွေ တင် မကဘူး တိုင်းပြည်အတွက် ဝင်ငွေအများကြီး ရတဲ့လုပ်ငန်းပါ''ဟု ဦးရန်ဝင်းက ပြောသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ခရီးသွားဆွဲဆောင်သည့် လုပ်ငန်းများလုပ်ကိုင် ရန်အတွက် တစ်နှစ်တာအသုံးစရိတ် အမေရိ ကန်ဒေါ်လာ ၃၆၅ သန်းသုံးစွဲခဲ့ကြောင်း၊ မြန်မာ နိုင်ငံအစိုးရအနေဖြင့် နိုင်ငံခြား ခရီးသွားဆွဲ ဆောင်သည့် လုပ်ငန်းလုပ်ကိုင်ရန် ရန်ပုံငွေချ ထားပေးခြင်းမရှိဟု ယင်းကဆက်ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့် သည်ဝင်ရောက်မှုမှာ ၂ဝ၁၃ ခုနှစ်တွင် နှစ်သန်း ကျော်ဝင်ရောက်ခဲ့ပြီး၊ ထိုင်းနိုင်ငံသို့ ၂၄ သန်း၊ မလေးရှားနိုင်ငံသို့ ၂၈ သန်း၊ ဗီယက်နမ်နိုင်ငံ သို့ ခုနစ်သန်း၊ ကမ္ဘောဒီးယားနိုင်ငံသို့ ငါးသန်း နှင့် လာအိုနိုင်ငံသို့ သုံးသန်းဝင်ရောက်ခဲ့ ကြောင်းသိရသည်။

''နိုင်ငံတော်အနေနဲ့ ခရီးသွားဆွဲဆောင် တဲ့ လုပ်ငန်းတွေ လုပ်နိုင်ဖို့ သီးသန့်ဘတ်ဂျက် ချပေးသင့်ပါတယ်။ ဒါမှ နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားမယ့်နေရာတွေကို ပြုပြင်နိုင်မယ်။ ဖော်ထုတ်တာတွေ လုပ်ရမယ်။ ခရီးသွားလုပ် ငန်းတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ဒေသခံတွေအ နေနဲ့လဲ တစ်ဖက်တစ်လမ်းက ဝင်ငွေတွေ ရ လာနိုင်တယ်''ဟု နိုင်ငံခြားခရီးသွားဝန်ဆောင် မှုလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးအေး ကျော်က ပြောသည်။

အဆိုပါ နိုင်ငံခြားခရီးသွားဧည့်သည်များ ကို ဆွဲဆောင်သည့်လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ဘတ်ဂျက်ငွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံပွဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က မကြာခင် ပြုလုပ်မည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆွေး နွေးဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

0 comments:

Post a Comment