28.2.14

မြေငှားရမ်းခမတူညီသောကြောင့် လုပ်ငန်းတူလုပ်ငန်းရှင်များကြား ယှဉ်ပြိုင်လုပ်ကိုင်ရာတွင် ဆုံးရှုံးမှုများဖြစ်လာနိုင်

တွံတေးတူးမြောင်း၊ ရန်ကုန်ဘက်ကမ်း ရှိလွန်းကျင်း မြေငှားရမ်းခ တိုးမြှင့်ကောက်ခံ မှု ညီမျှမှုမရှိသဖြင့် လုပ်ငန်းတူလုပ်ငန်းရှင် များကြား ယှဉ်ပြိုင်လုပ်ကိုင်ရာတွင် ဆုံးရှုံးနစ် နာမှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနမှ မကြာခင် ကောက်ခံတော့မည့် အဆိုပါ လွန်းကျင်းမြေ ငှားခများတွင် ရန်ကုန်ဘက်ခြမ်းနှင့် ဆိပ်ကြီး ခနောင်တိုဘက်ခြမ်း ကောက်ခံမှုများသည် တူ ညီမှုမရှိဟု လွန်းကျင်းလုပ်ငန်းရှင်များက ပြောသည်။


ဆိပ်ကြီးခနောင်တိုဘက်ခြမ်းမှ လွန်း ကျင်းလုပ်ငန်းရှင်တစ်ဦးက ''ဒီလိုလုပ်ငန်းကို ပဲ ဝန်ကြီးဌာနတစ်ခုလက်အောက်ရှိ ဌာနနှစ် ခုမှ ကောက်ခံတဲ့ မြေငှားရမ်းခမတူညီတာက ရှေ့လုပ်ငန်းတွေ ဆက်လုပ်ဖို့ အတားအဆီး တွေဖြစ်နေတယ်။ လိုက်လျောညီထွေပြီး တူ ညီတဲ့နှုန်းတော့ ဖြစ်စေချင်ပါတယ်''ဟု ရန်ကုန် တိုင်မ်းဂျာနယ်သို့ ပြောသည်။

တွံတေးတူးမြောင်းတစ်လျှောက်ရှိ လွန်း ကျင်းလုပ်ငန်း ၄ဝ ကျော်ကို ပို့ဆောင်ရေးဝန် ကြီးဌာနထံမှ ငှားရမ်းလုပ်ကိုင်ခဲ့သော်လည်း ယခုအခါ တူးမြောင်း၏ ရန်ကုန်ဘက်ခြမ်းရှိ လွန်းကျင်းလုပ်ငန်းခြောက်ခုကို မြန်မာဆိပ် ကမ်းအာဏာပိုင်အဖွဲ့မှလည်းကောင်း၊ ခနောင် တိုဘက်ခြမ်းရှိ လွန်းကျင်း ၃၄ ခုကို ရေအရင်း အမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဌာန မှလည်းကောင်း အသီးသီး တာဝန်ယူလုပ်ကိုင် နေခြင်းဖြစ်သည်။

ရန်ကုန်ဘက်ကမ်းရှိ မြေငှားရမ်းခ တိုး မြှင့်မှုအရ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များထိန်းသိမ်းရေးဌာနမှ ကောက်ခံနေသည့် မြေငှားရမ်းခထက် သုံးဆနီးပါးများပြားနေသည့် အတွက် လုပ်ငန်းတူလုပ်ငန်းရှင်များ အကြား တွင် လုပ်ငန်းများယှဉ်ပြိုင်လုပ်ကိုင်ရန် ခက်ခဲလာနိုင်ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို လွန်းကျင်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးအုန်းမောင်က ''အရင် ကတော့ စည်ပင်ကို ဆောင်ရတယ်။ ယခုကျွန်တော်တို့က သတ်မှတ်ထားတဲ့ ၁၂၅ ကျပ်နဲ့ မတ်လမှာ စဆောင်ဖို့ အားလုံးသဘောတူထားပြီးသားပါ။ ဝန်ကြီးဌာနတစ်ခုထဲက ဌာနနှစ်ခု ရဲ့ ကောက်ခံမှုတစ်ပြေးညီဖြစ်နိုင်ဖို့တော့ စာတင်ထားတယ်။ ဒါပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး''ဟု ရန်ကုန်တိုင်းမ်ဂျာနယ်၏ မေးမြန်းမှုကို ဖြေကြားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က စာအမှတ်-၃၃၉/၅၂(င)/၁၇-ကုန်(မြေ/ဆိပ်)ဖြင့် ဇန်နဝါရီ၁ရက်မှ စတင်ကာ တွံတေးတူးမြောင်း၊ ရန်ကုန်ဘက်ခြမ်းရှိ လွန်းကျင်းခြောက်ခုကို မြေငှားရမ်းခ တစ်စတုရန်း မီတာလျှင် ကျပ် ၅ဝဝ၊ အဆောက်အအုံ၊ ဂိုထောင်ငှားရမ်းခ ကျပ် ၈ဝဝ သို့ ပြောင်းလဲကောက် ခံမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment