28.2.14

အမျိုးသမီးများကို ချေးတဲ့ သီးသန့်ချေးငွေ နှစ်ဆတိုးမည်


ခေါင်းရွက် ဗျက်ထိုး ဈေးသည် များ နှင့် နွမ်းပါး သော အမျိုး သမီး များ အတွက် ထုတ်ချေး ပေး နေသော အသေးစား ချေးငွေ များကို နှစ်ဆ တိုး ၍ ချေးပေး မည် ဖြစ် ကြောင်း မြန်မာ နိုင်ငံ အမျိုး သမီး ရေးရာ အဖွဲ့  ချုပ် မှ အထွေထွေ အတွင်း ရေးမှူး ပါမောက္ခ ဒေါ်ခင်မာထွန်း က The Messenger သတင်းစာ သို့ ပြောသည်။ အရင် က တစ်ယောက် ကို ငါးထောင် ကနေ တစ်သိန်း ထိ ချေးပေး နေတာ ကနေ အခု တစ်သောင်း ကနေ နှစ်သိန်း အထိ ချေး ပေး နိုင်တော့ မယ် ဟု ၎င်း က ပြော သည်။ ၂၀၀၆ ခုနှစ် မှစ၍ တိုင်း ဒေသ ကြီး နှင့် ပြည် နယ် တစ်ခု လျှင် အသေးစား ချေးငွေ အတွက် လည်ပတ် ငွေ ကျပ်သိန်း (၈၀) မတည် ပေးထား ခဲ့ ရာမှ အသေးစား လုပ်ငန်း လုပ်သော အိမ်ရှင်မ များထံမှ ရရှိ သော အတိုး ငွေ များ ထပ်ပေါင်း မှုကြောင့် ယခု အခါ တိုင်းနှင့် ပြည် နယ် တစ်ခု လျှင် အသေးစား ချေးငွေ အတွက် လည်ပတ် ငွေ သိန်းကျပ် (၂၀၀) ၀န်း ကျင် အထိ တိုးတက် လာကြောင်း မြန်မာ နိုင်ငံ အမျိုး သမီး ရေးရာ အဖွဲ့ ချုပ် မှ သိ ရသည်။ ယခု အခါ အမျိုး သမီး ရေး ရာ အဖွဲ့ ချုပ်မှ မြို့နယ် အသီးသီး ရှိ အမျိုး သမီး များအား အတိုး နှုန်း နှစ် ရာခိုင်နှုန်း ဖြင့် ချေးငွေ များ ထုတ် ချေး လျက် ရှိပြီး ရရှိ လာသော အတိုး ထဲမှ (၃၀) ရာခိုင်နှုန်း ကို ငွေ ချေး ယူသူ အိမ် ရှင်မ အတွက် စုငွေ သ ဘော မျိုး စု၍ ပြန်လည် ပေးအပ် ကြောင်း သိရသည်။ (၃၀) ရာခိုင်နှုန်း ကို မူလ လည်ပတ် ငွေတွင် ထပ်၍ ပေါင်း ထည့်ပြီး၊ ကျန်နေ သော (၄၀) ရာ ခိုင်နှုန်း ကို ဒေသ ဖွံ့ ဖြိုးရေး နှင့် ချေးငွေ စာရင်း ကောက်ခံ စရိတ် များ အတွက် အသုံးပြု ကြောင်း အမျိုး သမီး ရေးရာ အဖွဲ့ ချုပ် မှ သိရ သည်။ ခေါင်းရွက် ဗျက်ထိုး ဈေး သည် တွေ၊ မြန်မာ မုန့် လေးတွေ၊ သာကူ လိုမုန့် တွေ ရောင်း နေရ တဲ့ အိမ်ရှင်မ တွေ အတွက် နေ့ပြန် တိုး နဲ့ ယူရောင်း ရရင် သိပ်မမြတ် ဘူး။ ကျွန်မ တို့ ချေး တဲ့ ငွေ ကျတော့ ဆယ်လ၊ တချို့ တစ်နှစ် ခွဲပြီး ဆပ် လို့ရ တယ်”” ဟု ပါမောက္ခ ဒေါ်ခင်မာထွန်း က ပြော သည်။
By The Messenger

0 comments:

Post a Comment