28.2.14

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ နှင့် အင်တာဗျူး


အေး မင်း နိုင် တွေ့ဆုံ မေး မြန်း သည် ။

ယခုကာလမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့များအကြား ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆွေးနွေးနေမှု များ ဖြစ်ပေါ်နေခဲ့ပါတယ်။ ထိုအချိန် တွေ့ဆုံညှိနှိုင်းမှုတွင် တိုင်းရင်းသား များဘက်မှ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးတင်ပြသံကိစ္စလည်း အသံ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါတယ်။ 


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံ၌ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF မှ ဥက္ကဋ္ဌ ရဲဘော်သံခဲအား တိုင်းရင်းသားများ မျှော်လင့် ထားတဲ့ ပြည်ထောင်စုတပ်မတော်အကြောင်းကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

►ပြည်ထောင်စုတပ်မတော်ကို ဘယ်လိုဖွဲ့စည်းချင်ပါသလဲ။

အထူးသဖြင့်ကတော့ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်း ကဏ္ဍက အင်မတန်မှ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ ယနေ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနေတဲ့အချိန်မှာပဲ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ အပစ် အခတ်ရပ်စဲရေးတစ်နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးမှာ တပ်မေ တ်ာရဲ့အနာဂတ်ကို အဓိကထားပြီး ဆွေးနွေးရမယ့် ခေါင်းစဉ်ကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ပထမပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင် ငံကို ဖွဲ့စည်းတဲ့ နေရာ မှာ ပြည်ထောင်စုပုံစံနဲ့ပဲ ဖွဲ့စည်းမယ်၊ ဖက်ဒရယ် ပုံစံနဲ့ ဖွဲ့စည်းမယ်ဆိုရင် အဲဒီ ရဲ့နောက်မှာ တပ်မတော်ကလည်း ဖက်ဒရယ် ပုံစံနဲ့ ကိုက်ညီတဲ့ တပ်မတော်တစ်ရပ် ဖြစ်ဖို့လို တယ်။ ဒါက အရပ်စကားပေါ့ ခင်ဗျ၊ သို့သော်လည်း ကျွန်တော်တို့ မြင်တာက လက်ရှိဖြစ်နေတဲ့ မြန်မာ့နိုင် ငံရေး ဖြစ်စဉ်တစ်လျှောက်လုံးမှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ စစ်တပ်က နိုင်ငံရေးမှာ ရောထွေးယှက်တင်ဖြစ်ခဲ့မှုတွေက အများကြီး ရှိတယ်။ ဒါ နံပါတ်တစ်အချက်ပါ။ အဲဒီလို စစ်တပ်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍမှာ ခုလိုမျိုး ရောထွေးယှက်တင်မှုကနေ ကင်းစင်ရ ပါမယ်။ နံပါတ်နှစ် ကတော့ တပ်မတော်ဖွဲ့စည်းမှုမှာ ဖက်ဒရယ်ပုံစံနဲ့ ဖွဲ့စည်းတဲ့အတွက် မြန်မာနိုင်ငံဟာ တိုင်းရင်း သားပေါင်းစုံ စုစည်းနေ ထိုင်တဲ့နိုင်ငံ ဖြစ်တယ်။ ဒီတော့ ဒီတပ်မတော်ဟာ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုဖို့ လိုပါတယ်။ အဲဒီလို ကိုယ်စားပြုမှုဆိုတာ လည်း ရှိရမှာဖြစ် သလို ဒီတပ်မတော်ထဲမှာပါဝင်တဲ့ အရေးပါတဲ့ ဦးဆောင်တဲ့နေရာ မှာပဲဖြစ်ဖြစ်၊ တပ်မတော်ပိုင်းဆိုင်ရာ ဦးဆောင်တဲ့နေရာမှာ ပဲဖြစ်ဖြစ် အဲဒီနေရာ တွေမှာ အခုပြောတဲ့ ဒီတိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ဆန္ဒသဘောထားနဲ့အညီ ဖြစ်ဖို့ လည်းလိုတယ်။ ဒါဒုတိယတစ်ချက်ပါ။ တတိယအချက်ကတော့ ပြောချင်တာက လက်ရှိ ရှိနေတဲ့ ခုနပြောတဲ့ တပ်မတော်ရဲ့ အနာဂတ်အခန်းကဏ္ဍမှာလည်း ကျွန် တော်တို့အနေနဲ့က ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စု တပ်မတော် တည်ေ ဆာက်မယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ တိတိ ကျကျ ပိုင်းဖြတ်သတ်မှတ်သင့်တယ်။ အဓိကလိုအပ်တာက တပ်မတော် ဟာ နိုင်ငံ တော်လုံခြုံရေး ကာကွယ်ရေး အတွက် အဲဒီလို အခန်းကဏ္ဍမျိုးမှာ ဒါမလွဲမသွေပါဝင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရိုးရှင်းတဲ့ ဆန္ဒသဘော ထား အရကတော့ နိုင်ငံရေးကို နိုင်ငံရေးသမားတွေက ပဲလုပ်စေချင်တယ်။ တပ်မတော်ကလည်း တပ်မ တော်ရဲ့ အခန်းကဏ္ဍဖြစ်တဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို တိုင်းရင်းသား ပြည်သူလူထုအားလုံးရဲ့ ဆန္ဒနဲ့အညီ အလုပ်လုပ်စေချင်တယ်။ ဒါမှသာလျှင် နိုင်ငံ့ တာဝန် ထမ်းဆောင် တာပဲ ဖြစ်တယ်။ နောက်တစ်ပိုင်းကတော့ ဘာဖြစ်မလဲဆိုရင် အားလုံး အတွက် လေးစားချစ်ခင်တဲ့ ယုံ ကြည်အားကိုးထိုက်တဲ့ တပ်မတော်တစ် ရပ် ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျ။

►ပြည်တွင်းစစ်ကာလက ရှည်ခဲ့တော့ လူမျိုးစုတွေမှာလည်း တပ်မတော်တွေ ရှိကြ ပါတယ်။ လူမျိုးစုတပ်မတော်တွေ အချင်းချင်းရော ပေါင်းစည်းလို့ ရနိုင်မယ်လို့ ထင်ပါ သလားခင်ဗျာ။

ကျွန်တော့်အမြင်ကတော့ ဒီပြည်တွင်းစစ်အရင်းခံ အကြောင်းတရား ဟာ နိုင်ငံ ရေးဖြစ်ပါတယ်။ ခုပြောနေတဲ့ ပြည်ထောင်စု စုဖွဲ့မှုဆိုင်ရာကိစ္စရပ်တွေ အမျိုးသား ရေး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းနိုင်တဲ့ အခြေခံရဲ့ နောက် မှာပြည်တွင်းစစ်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါ တယ်။ ဒီတော့ အရင်းခံဆိုင် ရာ နိုင်ငံရေးအခြေခံတွေ နောက်မှာ တပ်မတော်ရေးရာ ဆိုင်ရာ ကိစ္စရပ်တွေ ကိုလည်း အလေးထား ဆွေးနွေးနိုင်မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ပြည် တွင်းစစ်ထဲမှာ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍကိုလည်း ဆက်လက်ဆွေးနွေးကြ ရမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက် တည်း ပြောချင်တာက ဘာလဲဆိုရင် အနာဂတ်တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုတာဟာ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အားလုံးရဲ့တာဝန် ဖြစ်တဲ့အလျောက် လက်နက်ကိုင်စွဲ ထားတဲ့ တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကိုလည်း အဲဒီ အခြေခံအောက်မှာ ထည့်သွင်းပြီးတော့မှ ဆွေးနွေးအဖြေရှာကြရလိမ့်မယ် ထင်ပါတယ်။

►အစိုးရတပ်မတော်က တိုင်းရင်းသားတွေနဲ့ ပေါင်းစည်းဖွဲ့စည်းနိုင်မယ်လို့ ယူဆထား ပါသလား။

ကျွန်တော်ထင်တာက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ စနစ်ကို ဖော် ထုတ်မယ်။ အားလုံးဆန္ဒသဘောထားနဲ့အညီ အခုလိုမျိုး ဒီမိုကရက်တစ်၊ ဖက်ဒရယ် ပြည်ေ ထာင်စုနိုင်ငံတော် ဖြစ်ပြီဟေ့လို့ဆိုရင် မလွဲမသွေပါပဲ။ တပ်မတော်ဟာ တိုင်းရင်းသားအားလုံးနဲ့ စုပေါင်းပြီးတော့ ဖွဲ့စည်းရ မှာဖြစ်ပါတယ်။

►တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရဲ့ ညီလာခံတွေမှာ အစိုးရနဲ့ ပူးပေါင်းဖို့ ပြည် ထောင်စုတပ်မတော်ပုံစံ(ဖွဲ့စည်းပုံ)များ ရှိပါပြီလား။

အခုကျွန်တော်တို့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းတွေရဲ့ ညီလာခံတွေမှာတော့ ဒါကို အလေးအနက်ထား ပြီး ဆွေးနွေးကြတာ တော့ ကျွန်တော်တို့ တွေ့ရပါတယ်။ အထူးသဖြင့် ဗမာပြည်မှာ ဖက်ဒရယ်တပ်မတော် ပေါ်ထွန်းရေးနဲ့ ပတ်သက်လာရင် တိုင်းရင်းသားတွေဘက်ကလည်း ဒါဟာ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာေ ဆွးနွေးကြရမယ်။ ဒီအတွက်လည်း ပြင်ဆင်ကြရမယ်။ ဒါတွေကို ကျွန်တော် တို့အားလုံးဟာ မလွဲမသွေ ဆွေးနွေးရမယ်ဆိုတာ အားလုံး လက်ခံပြီး သားပါ။ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆဲပဲ ရှိပါသေးတယ်။

►လက်ရှိ တပ်မတော်က တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ် ဆိုပြီး ပြောတာ ကိုရော။

ဒါက ကျွန်တော်တို့ တည့်တည့်ပဲပြောချင်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ အမျိုးသားအင်အားစုတွေ အားလုံး ပေါ့ဗျာ။ အားလုံးကို ကိုယ်စားပြုတဲ့ တပ်မတော်တစ်ရပ်ကို တောင်း ဆိုနေတာဟာလက်ရှိတပ်မတော်ရဲ့ ဖွဲ့စည်းမှုပုံသဏ္ဌာန်ကို ပြုပြင် ဖို့အတွက် တောင်းဆိုချက် ဖြစ်ပါ တယ်။ တောင်းဆိုချက်ဖြစ်တော့ တစ်ဖက်ကလည်း လက်ရှိ တပ်မတော်အနေနဲ့က ဒါတိုင်းရင်းသားအားလုံး ကို ကိုယ်စားပြုတယ်လို့ ပြောတယ်။ သို့သော်လည်းပဲ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ မြင်တာက အခု ဗမာပြည်မှာဖြစ်နေတဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်အောက်မှာတော့ တပ်မတော်ဖွဲ့စည်းမှုပုံစံဟာ တိုင်းရင်းသား တွေရဲ့ ဆန္ဒသဘောထားနဲ့ အညီ ဆွေးနွေးအဖြေရှာပြီးတော့မှ ဖော်ထုတ်ရလိမ့်မယ် ထင်ပါတယ်။ အခု လက်ရှိတပ်မတော်မှာ ဟိုးလွတ်လပ်ရေးရစကာလကလို တပ်မ တော်ထိပ် ပိုင်းခေါင်းဆောင်ထဲမှာ တိုင်းရင်းသား တပ်မတော်ခေါင်းဆောင်တွေမပါဝင် တာတော့အားလုံးသိပါတယ်။ တပ်မတော်ကို လူမျိုး တစ်စုတည်းကပဲ ဖွဲ့စည်းထား သလိုမျိုးတော့ ဖြစ်နေတာပေါ့။

►ငြိမ်းချမ်းရေးအစဉ်တစိုက် တောင်းဆိုနေတဲ့ လူထုကို ပြည်ထောင်စု တပ်မတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများချပြဖို့ အစီအစဉ်ရှိပါသလား။

ကျွန်တော်တို့ လေ့လာမိသလောက်ကတော့ ဒီနေ့တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ လုပ်နေတဲ့ သဘောတူညီချက်တွေဆိုတာဟာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ် ရပ်စဲရေးဆိုတာထက် ဘောင် ကျော်ပါတယ်။ အပစ်အခတ်ရပ်စဲရေးနောက်မှာ ကျွန်တော်တို့ မလွှဲမသွေ လုပ်ရမယ့် နိုင် ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးကြမယ့်မူဘောင်သဘောထားတွေ နောက် တစ်ခုကတော့ တပ်မတော်ဖွဲ့စည်းမှုဆိုင်ရာ ကိစ္စရပ်တွေ၊ နောက်အနာဂတ် ဖွဲ့စည်း အုပ်ချုပ် ပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေလည်း ပါပါတယ်။ ပါတော့ ကျွန်တော် တို့ ပြောချင်တာက ဘာလဲဆိုရင် အခုဒီလက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အ စည်းတွေ ABSDF အပါအဝင်ပေါ့ ဗျာ။ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရဲ့ဆွေးနွေးချက်တွေဟာ ကျွန်တော်တို့ တိုင်းသူပြည်သားတွေကို ချမပြစရာအကြောင်း မရှိဘူးလို့ ကျွန်တော်ထင် တယ်။ ကျွန်တော်တို့ ဒီသဘောထားက ဘာလဲဆိုရင် တစ် တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးတင်မကဘူး။ အမျိုး သားပြန် လည် သင့်မြတ်ရေး နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့အတူ အနာဂတ် တိုင်းပြည် ဖော်ဆောင်ရေးအတွက် စဉ်းစားထားတဲ့အချက် ဖြစ်တဲ့အတွက် မိမိဆန္ဒသဘောထား တွေကို ရိုးရှင်း စွာ ပြည်သူလူထုဆီကို ချပြဖို့အတွက် အားလုံးက တိုက်တွန်းထားတာ ရှိပါတယ်။

►လက်ရှိ တပ်မတော်က တပ်မတော်ထဲဝင်ချင်ရင် စစ်သားစုဆောင်းရေးက စပြီး ဝင်ရ မယ်ဆိုတဲ့ သဘောထားအမြင် အပေါ်မှာရော ခင်ဗျာ။ ABSDF ဥက္ကဋ္ဌ အနေနဲ့ အမြင်သဘောထားလေး။

ကျွန်တော်တို့ ဗမာပြည်မှာ လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ့ဗျာ။ ကြည့်ရင် တပ်မတော်လည်း ရှိနိုင်တယ်။ ရဲတပ်ဖွဲ့လည်း ရှိနိုင်တယ်။ တခြားသော အစိုးရနဲ့ ပတ်သက်ပြီး တာဝန်ထမ်းဆောင်သော လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနိုင်ပါတယ်။အဲဒါတွေနဲ့တင် အဆုံးအဖြတ်ပေး လို့မရဘူးလို့ ကျွန်တော် ထင်ပါ တယ်။ ဘာဖြစ် လို့လဲဆိုတော့ အခုပြောနေ တဲ့ ဒီတိုင်းရင်းသား အင်အားစုတိုင်းမှာ တိုင်းရင်းသားအမျိုးသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ရှိတာ ကိုလည်း ထည့် သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်ဆိုလို ချင်တဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် အခုပြေလည်မှုကို ရှာမယ်ဆိုရင် တပ်မတော် ကို ပြုပြင် ပြောင်းလဲချင်ရင် တပ်သားသစ်ကနေစပြီး ဝင်ရောက်ရေးဆို တဲ့ ဖြေရှင်းချက်ဟာ ကျွန်တော်တို့ ဘယ်လိုပြောမလဲဆိုရင် ပြဿနာတွေကို ပိုပြီးတော့ ရှုပ်ထွေးသွားစေနိုင် တယ်။ ကျွန်တော်တို့ အဖြေရှာနေ တဲ့၊ ပြောနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တို့၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ဦးတည်ချက် တွေကို ခုနပြောသလို ပဋိပက္ခတွေ ပိုပြီးတော့မှ တိုးပွားစေပါလိမ့်မယ်။ ကျွန်တော် ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ ကျွန်တော်တို့ လက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်း တွေရော လက်ရှိ ဒီတပ်မတော်မှာရှိတဲ့ တာဝန် ရှိတဲ့သူတွေရော အနာဂတ် လုံခြုံ ရေးနဲ့ ကာကွယ်ရေးဆိုင်ရာဆို တဲ့ ခေါင်းစဉ်အောက်မှာ သေသေချာချာကို ဆွေးနွေး အဖြေရှာကြမှပဲ ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေး ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အခုလို မေးမြန်းသမျှကို ဖြေကြားပေးတဲ့ ABSDF ဥက္ကဋ္ဌရဲဘော်သံခဲကို Popular News မှ ကျေးဇူးအထူးတင်ရှိပါတယ်။

Popular Journal

0 comments:

Post a Comment