28.2.14

“ အကောင်းဆုံး ဖြေဆည်ရာ ”


ဘဝမှာ အဆိုးတွေကြုံတိုင်း ပျေပျောက်ဖို့ ဖြေဆည်ရာကို 
ရှာကြရာမှာ အကောင်းဆုံး ဖြေဆည်ရာက တရားနဲ့ဖြေခြင်း
ပါပဲ။ တရားနဲ့ဖြေမှ တကယ့်စိတ်ပြေမှာပါ။ ကျန်တဲ့အာရုံ
တွေနဲ့ ဖြေလို့ကတော့ အခိုက်အတံ့ ပြေကောင်းပြေနိုင်
ပေမယ့် တကယ့်အေးချမ်းမှုနဲ့တော့ မပြေနိုင်ပါဘူး။


တစ်ခုသတိပြုရမှာက မြတ်ဗုဒ္ဓရဲ့  တရားတော်တွေဟာ ဒုက္ခ
တွေကို ငြိမ်းအေးစေနိုင်ပေမယ့် ဒုက္ခရောက်မှ ပြေရာပြေကြောင်း
ဘုရားကု ကုတာမျိုး၊ အသုံးချတာမျိုးတော့ မဖြစ်သင့်ပါဘူး။
ဘာလေးလိုချင်လို့၊ ဘာလေးအောင်မြင်ချင်လို့၊ ဘာဖြစ်ချင်လို့
ညာဖြစ်ချင်လို့ဆိုတဲ့ မျှော်လင့်ချက်အတွေးတွေနဲ့ ကိုယ်လိုချင်
တာလေးတွေကြောင့် ဘုရားခန်းကိုရောက်ကြတာမျိုးလည်း
မဖြစ်သင့်ပါဘူး။

ဖြစ်နိုင်ရင် အဲဒီမျှော်လင့်ချက်တွေကို ဘေးဖယ်ထားပြီး တကယ့်ကို
ယုံကြည်မှု သဒ္ဓါတရားအပြည့်နဲ့ ဘုရားအပေါ်ကြည်ညိုတာ၊
တရားအလုပ်ကို အားထုတ်တာ၊ သံဃာတော်ကို ဆည်းကပ်တာ
မျိုးပဲ ဖြစ်အောင်ကြိုးစားရပါမယ်။ အသုံးချတဲ့သဘောမျိုးမဟုတ်ဘဲ
နှလုံးလှတဲ့ သဒ္ဓါတရားမျိုးနဲ့သာ ဘဝထဲမှာ ဓမ္မတွဲထားနိုင်ရင်
တရားကိုစောင့်တဲ့သူကို တရားက ပြန်စောင့်ပါတယ်။

စေတနာမှန်၊ သဒ္ဓါမှန်ပြီး ပညာသတိ အမှန်သာရှိရင် နေရာ
တိုင်းမှာ ကုသိုလ်ရှိတယ်၊ လူတိုင်းမှာ ကုသိုလ်ရှိတယ်၊ ကုသိုလ်
ရှိတဲ့သူအတွက် ကောင်းကျိုးဆိုတာ ကိုယ်မမျှော်လည်း အချိန်
တန်ရင် ရောက်လာမှာ အသေအချာပါပဲ။

ဒါကြောင့် ဖြေဆည်ရာတွေထဲမှာ အကောင်းဆုံးဖြေဆည်ရာ
ကတော့ အသုံးချတဲ့ သဘောမျိုးမပါတဲ့ နှလုံးလှတဲ့ သဒ္ဓါတရား
နဲ့သာ ဗုဒ္ဓရဲ့  အဆုံးအမ တရားနဲ့ဖြေခြင်းကသာ အကောင်းဆုံးပဲ
ဖြစ်ပါတယ်။

Young Buddhist's Association

[ မေတ္တာဖြင့် မနာပဒါယီ အရှင်ဝိစိတ္တ ]

0 comments:

Post a Comment