22.2.14

သမ္မတတင်သွင်းသည့် လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင် အဖွဲ့စာရင်း အရည်အချင်းမပြည့်က သက်သေပြ၍ ကန့်ကွက်နိုင်


22-1-2014

လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင် ဖွဲ့ စည်းရာတွင် တာဝန်ပေးရန် နိုင်ငံတော်သမ္မတက အဆိုပြုထားသော ပုဂ္ဂိုလ်များသည် သတ်မှတ်ထားသောအရည်အချင်း နှင့်မပြည့်စုံကြောင်း သက်သေအ ထင်အရှားပြ၍ ကန့်ကွက်လိုက ယခုလ ၂၄ ရက်နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အသိပေးကြေညာသည်။

အဂတိလိုက်စားမူဥပဒေအရ လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင်ကို ဖွဲ့ စည်းတာဝန်ပေးနိုင်ရန် ရွေးချယ်ထားသူများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့ထားကြောင်း ယခုလ ၂၁ ရက်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကပြောသည်။

လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင်တွင် နိုင်ငံတော်သမ္မတမှ ရွေးချယ်ထားသည့် ပုဂ္ဂိုလ်(၅)ဦး ၊ ပြည်သူ့လွှတ်တော်ဥက္ကဌက ရွေးချယ်ထားသည့်ပုဂ္ဂိုလ်(၅)ဦး၊အမျိုးသားလွှတ်တော်ဥက္ကဌက ရွေးချယ်ထား သည့်ပုဂ္ဂိုလ်(၅)ဦး ပါဝင်ပြီး ကော်မရှင်၏ဥက္ကဌရာထူးနေရာတွင် ဦးမြ၀င်း(စစ်မှုထမ်း၊အငြိမ်းစား) အားလည်းကောင်း အတွင်းရေးမှူးရာထူးနေရာတွင် ဦးတင်ဦး(သံအမတ်ကြီး၊အငြိမ်းစား) အားလည်းကောင်း တာဝန်ပေးအပ်ရန် လျာထားကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ယင်းပုဂ္ဂိုလ်များအား လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင် တွင် တာဝန်ပေးအပ်နိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၊ပုဒ်မခွဲ(က) ပြဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် ပေးပို့ခြင်းဖြစ်သည်။ ၎င်းပုဒ်မတွင် ကော်မရှင်အဖွဲ့ဝင်၏အရည် အချင်းများ မပြည့်စုံကြောင်း အထင်အရှားမပြနိုင်က ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည်ပုဂ္ဂိုလ်အား ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ဟုပြဌာန်းထားသည်။ကော်မရှင်၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်း ဖြစ်သည်။

အဂတိလိုက်စားမူဥပဒေကို ပြည်ထောင်စုလွှတ်တော်က ယခင်နှစ် သြဂုတ်လ ၇ ရက်တွင် ပြဌာန်းခဲ့သည်။
သမ္မတတင်သွင်းသည့် လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင် အဖွဲ့စာရင်း အရည်အချင်းမပြည့်က သက်သေပြ၍ ကန့်ကွက်နိုင် စိုင်းလမင်း နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင် ဖွဲ့ စည်းရာတွင် တာဝန်ပေးရန် နိုင်ငံတော်သမ္မတက အဆိုပြုထားသော ပုဂ္ဂိုလ်များသည် သတ်မှတ်ထားသောအရည်အချင်း နှင့်မပြည့်စုံကြောင်း သက်သေအ ထင်အရှားပြ၍ ကန့်ကွက်လိုက ယခုလ ၂၄ ရက်နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အသိပေးကြေညာသည်။ အဂတိလိုက်စားမူဥပဒေအရ လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင်ကို ဖွဲ့ စည်းတာဝန်ပေးနိုင်ရန် ရွေးချယ်ထားသူများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့ထားကြောင်း ယခုလ ၂၁ ရက်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကပြောသည်။ လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင်တွင် နိုင်ငံတော်သမ္မတမှ ရွေးချယ်ထားသည့် ပုဂ္ဂိုလ်(၅)ဦး ၊ ပြည်သူ့လွှတ်တော်ဥက္ကဌက ရွေးချယ်ထားသည့်ပုဂ္ဂိုလ်(၅)ဦး၊အမျိုးသားလွှတ်တော်ဥက္ကဌက ရွေးချယ်ထား သည့်ပုဂ္ဂိုလ်(၅)ဦး ပါဝင်ပြီး ကော်မရှင်၏ဥက္ကဌရာထူးနေရာတွင် ဦးမြ၀င်း(စစ်မှုထမ်း၊အငြိမ်းစား) အားလည်းကောင်း အတွင်းရေးမှူးရာထူးနေရာတွင် ဦးတင်ဦး(သံအမတ်ကြီး၊အငြိမ်းစား) အားလည်းကောင်း တာဝန်ပေးအပ်ရန် လျာထားကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။ ယင်းပုဂ္ဂိုလ်များအား လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင် တွင် တာဝန်ပေးအပ်နိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၊ပုဒ်မခွဲ(က) ပြဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် ပေးပို့ခြင်းဖြစ်သည်။ ၎င်းပုဒ်မတွင် ကော်မရှင်အဖွဲ့ဝင်၏အရည် အချင်းများ မပြည့်စုံကြောင်း အထင်အရှားမပြနိုင်က ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည်ပုဂ္ဂိုလ်အား ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ဟုပြဌာန်းထားသည်။ကော်မရှင်၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်း ဖြစ်သည်။ အဂတိလိုက်စားမူဥပဒေကို ပြည်ထောင်စုလွှတ်တော်က ယခင်နှစ် သြဂုတ်လ ၇ ရက်တွင် ပြဌာန်းခဲ့သည်။

Popular Myanmar News Journal

0 comments:

Post a Comment