22.2.14

အပြည်ပြည်ဆိုင်ရာပါလီမန်များသမဂ္ဂ(IPU)မှမြန်မာလွှတ်တော်သို့ Server နှင့်ကွန်ပျူတာများလှူဒါန်း


Saturday, February 22, 2014

အပြည်ပြည်ဆိုင်ရာပါလီမန် များသမဂ္ဂ(IPU)မှမြန်မာလွှတ်တော် သို့ Server သုံးလုံးနှင့် ကွန်ပျူတာ ၁၈ လုံး ပေးအပ်လှူဒါန်းပွဲ အခမ်း အနားကို လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင် လွှတ်တော် စာ ကြည့်တိုက်၌ ယနေ့မွန်းလွဲ ၂နာရီ တွင်ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ပြည် ထောင်စု လွှတ်တော်ဒုတိယနာယ က ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီဥက္ကဋ္ဌဦးလှမြင့်ဦး၊ အတွင်းရေးမှူး ဦးမောင်တိုး၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာ
နှင့်အထူးကိစ္စရပ်များလေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်
ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံး အသီးသီးမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များတက်ရောက်သည်။

အခမ်းအနားတွင် IPU မှ မြန်မာလွှတ်တော်သို့ လှူဒါန်းသည့် ပစ္စည်းများနှင့်စပ်လျဉ်းသည့်စာရွက် စာတမ်းများကို Project Manager Mrs.Norah Babic ကနိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာပူးပေါင်း
ကော်မတီဥက္ကဋ္ဌဦးလှမြင့်ဦးထံ လွှဲ ပြောင်းပေးအပ်ပြီး ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

The Union Daily

0 comments:

Post a Comment