22.2.14

စစ်တွေတွင် မလေးနိုင်ငံသား စေတနာ့ ဝန်ထမ်း သုံးဦး လူအုပ်ဖြင့် ခြိမ်းခြောက်ခံရမှု မိခင် အဖွဲ့အစည်း MAPIM မှ သတင်းထုတ်ပြန်


================================
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
M-Media

ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ခံ ပြည်သူများကို လူမှု ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရန် အတွက် ရောက်ရှိနေသော မလေးရှားနိုင်ငံသား စေတနာ့ ဝန်ထမ်း (၃) ဦးကို ရခိုင် လူမျိုးများမှ လူအုပ်ဖြင့် ဝိုင်းကာ စစ်တွေမြို့မှ ထွက်သွားရန် ခြိမ်းခြောက် ဖိအားပေး လုပ်ဆောင်ခဲ့မှုဖြစ်ပွား ခဲ့ပါသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး စေတနာ့ဝန်ထမ်း(၃) ဦး၏ မိခင် အဖွဲ့အစည်းဖြစ်သော မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (MAPIM) မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့စွဲဖြင့် သတင်းကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက် အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။


မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (MAPIM)
သတင်းထုတ်ပြန်ချက်
၂၁ ဖေဖော်ဝါရီ ၂၀၁၂

မြန်မာနိုင်ငံရှိ အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့၏ အခြေအနေ

- မလေးရှားနိုင်ငံ အစ္စလာမ့်မစ်အဖွဲ့ အတိုင်ပင်ခံကောင်စီ MAPIM မှ အဖွဲ့ဝင် ၇ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဆောင်ရွက်ပေးရန် အစီအစဉ် တစ်ခုကို ပြုလုပ်ခဲ့ပါသည်။

အစားအသောက်များ၊ ဆေးဝါးများနှင့် ပညာရေး အထောက်အကူပြုပစ္စည်းများ ပေးပို့ခြင်းတို့ အပြင် IDP (နေရပ်စွန့်ခွါ ထွက်ပြေးရသူများ) ကမ့်အတွင်းရှိ “Asean Peace Village” ပရောဂျက်၏ တိုးတက်မှုကို စောင့်ကြည့်ရန်လည်း ပါဝင်ပါသည်။ အဆိုပါ ပရောဂျက်မှာ MAPIM နှင့် ပြည်တွင်း အန်ဂျီအိုများ ပူးပေါင်းကာ ၂၀၁၂ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခကြောင့် အတိ ဒုက္ခရောက်နေကြသည့် ဒုက္ခသည်များ အတွက် အိုးအိမ်များ၊ နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက်ပေးရာတွင် အစိုးရအား ကူညီထောက်ပံ့နေသော ပရောဂျက်ဖြစ်ပါသည်။

သို့သော်လည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဤဆောင်ရွက်မှုအား သံသယဖြစ်၍၊ လူအများက နားလည်မှု လွဲမှားခြင်းကြောင့် အနှောက်အယှက် အနည်းငယ် ကြုံတွေ့ခဲ့ရပါသည်။

ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင်ရှိနေစဉ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က MAPIM မှ စေတနာ့ဝန်ထမ်း ကိုယ်စားလှယ် ၃ ဦး တည်းခိုသည့် အိမ်များသို့ ဗုဒ္ဓဘာသာ အစွန်းရောက် အဖွဲ့က လာရောက်ကာ MAPIM ကိုယ်စားလှယ်အဖွဲ့အား စစ်တွေမှ မောင်းထုတ်ရန်ကြိုးစားခဲ့ပြီး၊ ထိုအချင်းအရာက ကိုယ်စားလှယ်အဖွဲ့၏ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်ခဲ့ပါသည်။

ဇူဟာနစ်ဘင်ဇိုင်နယ်လ် ဦးဆောင်သည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှာ ရဲတပ်ဖွဲ့အား ချက်ချင်း အကြောင်းကြားခဲ့ပြီး၊ အကူအညီ ရယူခဲ့ကာ၊ ရဲတပ်ဖွဲ့က ၎င်းတို့အား စစ်တွေ အနီးတွင်ရှိသည့် ရဲစခန်းသို့ခေါ်ဆောင်ကာ နေရာထိုင်ခင်းပြုလုပ်ပေးခဲ့ပါသည်။

ထိုအဖွဲ့အား ကယ်ဆယ်ရန် အတွက် ယခုအချိန်တွင် ကျွန်ုပ်တို့မှာ ပြည်တွင်း အန်ဂျီအိုများ၊ ရခိုင်ပြည်နယ် အစိုးရတို့နှင့် ညှိနှိုင်းမှုများပြုလုပ်နေပြီး၊ တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ရန်ကုန်မြို့ရှိ မလေးရှားသံရုံးမှ တစ်ဆင့် စစ်တွေတွင်ရှိနေသည့် အဆိုပါ ကိုယ်စားလှယ် အဖွဲ့ဝင်များအား ရခိုင်ပြည်နယ် စစ်တွေမှ ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားလျက်ရှိပါသည်။

ကိုယ်စားလှယ်အဖွဲ့ဝင် အားလုံးမှာ မည်သည့်ထိခိုက်မှုမှ မရှိဘဲ ရန်ကုန်သို့ပြန်လာနေပြီး များ မကြာမီအချိန်မှာပင် ကွာလာလမ်ပူသို့ ပြန်လည်ရောက် ရှိမည်ဟု မျှော်လင့်ရပါသည်။ MAPIM မှလည်း လက်ရှိဖြစ်စဉ်နှင့် ကိုယ်စားလှယ်အဖွဲ့၏ အခြေအနေများကို မီဒီယာများသို့ တင်ပြရန် စင်တာ တစ်ခုကိုလည်း ဖွင့်လှစ်ထားရှိပါသည်။

မိုဟာမက် အဇ်မီ အက်ဗဒူလ် ဟာမစ်ဒ်
MAPIM အဖွဲ့ ဥက္ကဌ
Tel 0194744856

Photo- MAPIM FB

M-Media Link =>http://www.m-mediagroup.com/news/24559

0 comments:

Post a Comment