22.2.14

သူမရဲ့ အယ်လ်ဘမ်အသစ် “Crush” အတွက် သီချင်းသုံးပုဒ် ရေးသားဖြစ် ခဲ့တယ်ဆိုတဲ့ CL


Saturday, February 22, 2014

2NE1 ရဲ့ ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ CL ဟာ သူမအဖွဲ့အတွက် သီချင်းအသစ် သုံးပုဒ် ရေးသားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အဖြေကတော့ အနည်းငယ် အထူးတဆန်းဖြစ်နေပါတယ်။ အခုထွက်မယ့် “Crush” အယ်လ်ဘမ်ထဲမှာ သူမရေးသားထားတဲ့ သီချင်း သုံးပုဒ်ပါဝင်မှာဖြစ်ပြီး သီချင်းရေးရတဲ့ အကြောင်းကတော့ “သူမပျင်းနေလို့ပါတဲ့”။


သောကြာနေ့က သူမနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ 2NE1 ရဲ့ အဆိုရှင်ဟာ သူမရဲ့ သီချင်းရေးရခြင်း နောက်ခံသမိုင်းကြောင်းအနည်းငယ်ကို ဖွင့်ဟခဲ့ပါတယ်။ “ဒီသီချင်း သုံးပုဒ်ဟာ တကယ်တမ်းတော့ အခုထွက်မယ့် အယ်လ်ဘမ်အသစ်အတွက် ရည်ရွယ်ခဲ့တာမဟုတ်ဘူး” လို့ ဆိုပါတယ်။

“2NE1 ဟာ ဒီသီချင်းတွေနဲ့ သရုပ်ပြတင်ဆက်ဖြစ်ခဲ့ လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။ ကျွန်မ ပျင်းနေတဲ့အချိန်မျိုးမှာ ကျွန်မ အနုပညာဈာန်ဝင်စားမှုတွေ ရပါတယ်” လို့ရှင်းပြပါတယ်။

သူမပေါင်းစပ်ဖွဲ့စည်း ရေးသားထားတဲ့ သီချင်းတွေကတော့ “If I Were You” , “Baby I Miss You” နဲ့ အယ်လ်ဘမ်ခေါင်းစဉ်သီချင်းဖြစ်တဲ့ “Crush” တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် YG ရဲ့ ထုတ်လုပ်သူ Teddy နဲ့တွဲပြီး “MTBD” ဆိုတဲ့ သီချင်းကိုလည်း ရေးသားဖြစ်ခဲ့ပါသေးတယ်။

“ကျွန်မတစ်ယောက်တည်း အိမ်မှာ ရှိနေတဲ့ တစ်နေ့မှာပေါ့။ ရုတ်တရက်
ဆိုသလိုပဲ ကျွန်မမှာ ပြောချင်တဲ့ ဇာတ်လမ်းအကြောင်းအရာတွေ အများကြီးရှိလာတယ်။ ကျွန်မ ဒီသီချင်းတွေကို နှလုံးသားက လာတဲ့ အတိုင်း ကိုယ်ပိုင်စကားပြောဟန်လေးနဲ့ပဲ ရေးသားထားပါတယ်” လို့ ပြောသွား
ပါတယ်။

အသက် (၂၂)နှစ်ရှိပြီဖြစ်တဲ့ CL ဟာ တောင်ကိုရီးယားမှာ မွေးဖွားသူ
တစ်ဦး ဖြစ်ပေမယ့် သီချင်းစာသား တွေကို မိခင်ဘာသာစကားနဲ့ ရေး
သားရတာ သူမအတွက် အနည်းငယ် စိမ်းသလိုဖြစ်နေပါတယ်တဲ့။ “စာသားတွေကို ကိုရီးယားဘာသာစကားနဲ့ ရေးသားနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့မိပါဘူး” လို့လည်း ဆိုပါသေးတယ်။

“ကျွန်မသီချင်းစရေးတာ လအနည်းငယ်ပဲ ရှိပါသေးတယ်။ အခုတော့ ဒီလို အချိန်တိုလေးအတွင်းမှာ အခွင့်အရေးထူးကြီး (2NE1 အယ်လ်ဘမ်အသစ်မှာ သူမရေးသားထားတဲ့ သီချင်းသုံးပုဒ်ပါဝင်ခွင့် ရရှိတာကို ဆိုလိုပါတယ်)
ပေးအပ်ခံခဲ့ရတာပဲလို့ ဆိုချင်ပါတယ်” တဲ့။

ဒီကိစ္စအတွက် ကျွန်မအလွန် ကျေနပ်နှစ်သိမ့်ရပြီး ရလဒ်ကောင်းတွေ
ကိုလည်း မျှော်လင့်နေပါတယ်။ တစ်ချိန်တည်းမှာလည်း ကျွန်မ စိတ်လှုပ်
ရှားနေပါတယ်ဆိုပြီး ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားသွားပါတယ်။

Ref:kpopstarz.com
Trend Myanmar

0 comments:

Post a Comment