22.2.14

အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာကအဆင့်(၆)နေရာတွင်ရှိနေ



၂၂.၂.၂၀၁၄၊ စနေနေ့

လက်ရှိတွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အဆင့် (၆)တွင်ရှိနေပြီး ယခုလ ၁၈ ရက်က ကျင်းပသော (၂၅)ကြိမ် မြောက် အာဆီယံစီးပွားရေးပေါင်း စည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့အစည်းမှ ဆက်၍ ရှေ့သို့တက် လှမ်းနိုင်ရေးအတွက် ဆွေးနွေးညှိ နှိုင်းနေ
ဆဲဖြစ်ကြောင်း သိရသည်။



''၂ဝ၁၅ မှာ ACE ဖြစ်ပေါ်လာ ရေးအတွက် အစည်းအဝေးမှာဆွေး
နွေးကြတယ်။ AEC ရဲ့ Mission နဲ့ Vision ဖော်ထုတ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်''ဟု ဒေါက်တာစန်းလွင် က ပြောသည်။

ထို့ကြောင့် အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်မှ တင် ပြသည့် အာဆီယံစီးပွားရေးအသိုက် အဝန်း ၂ဝ၁၅အတွက် အာဆီယံ ပြည်သူလူထု၏ သတင်းအချက်နှင့် ဆက်သွယ်ရေးမဟာဗျူဟာဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ ၂ဝ၁၅ ခုနှစ် နောက်ပိုင်း အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC) နှင့်ပတ်သက် ပြီး အာဆီယံနှင့် အရှေ့အာရှစီးပွား ရေးသုတေသနဌာန (Economic Research Institute for Asean and East Asia ERIA) နှင့် ရာဂျာ ရက်နမ် အပြည်ပြည်ဆိုင်ရာလေ့ လာရေးကျောင်းနှင့် အရှေ့တောင် ဒေသဆိုင်ရာလေ့လာရေးဌာနတို့၏ သုတေသနစာတမ်းများနှင့်ပတ်သက် ပြီး ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

''ဆက်ပြီး Asean Economic Community အတွက်၂ဝ၁၅မရောက် မီကျန်တဲ့လုပ်ငန်းတွေရှိတယ်။ဘယ် လုပ်ငန်းတွေပေါ်လာမလဲ၊ ပြီးတော့ ရှိသင့်တဲ့ မျှော်မှန်းချက် ဒါတွေ အတွက် ဆွေးနွေးကြတယ်''ဟု ဒေါက်တာစန်းလွင်ကပြောသည်။
ထို့ပြင် အာဆီယံစီးပွားရေး အသိုက်အဝန်းထူထောင်နိုင်မှု အကဲ ဖြတ်ဇယား အဆင့်(၄)၏ အခြေ အနေ ISEAS နှင့် အာရှဖွံ့ဖြိုးတိုး တက်မှုဘဏ် (ADB) ၏အာဆီယံ စီးပွားရေးအသိုက်အဝန်းဖြစ်ပေါ် တိုးတက်မှုဆိုင်ရာ
စာတမ်းနှင့် ဒေသ တွင်း ဘက်စုံစီးပွားရေးပူးပေါင်း
ဆောင်ရွက်မှု ထူထောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးဖလှယ်ခြင်းတို့ကိုပြုလုပ် မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ယခုအစည်းအဝေးမှ ရလာ သော အချက်အလက်များကို နောက် ကျင်းပမည့် အာဆီယံဝန်ကြီးများ အဆင့်ဆွေးနွေးပွဲသို့ တင်ပြမည် ဖြစ်ပြီး ပိုမိုကျစ်လျစ်ခိုင်မာသော အာဆီယံအတွင်းရေးမှူးရုံးချုပ်ဖြစ်
ပေါ်လာရေးအတွက် ဆွေးနွေးကြ မည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့် မြင့်လုပ်ငန်းအဖွဲ့ (High Level Task Force on Asean Economic Integreation) (HLTF-EI) အဖွဲ့ဝင်များဖြစ်သော အာဆီယံနိုင်ငံ များမှ စီးပွားရေးဆိုင်ရာ ဒုဝန်ကြီး အဆင့်ရှိ အဆင့်မြင့်အရာရှိကြီးများ ဦးဆောင်တက်ရောက်ခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေ ထွေအတွင်းရေးမှူးချုပ်နှင့်အဖွဲ့ဝင် များ၊ အာဆီယံနိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်များ၊ အာဆီယံနှင့် အရှေ့ အာရှစီးပွားရေး သုတေသန ဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ရာဂျာ ရက်နမ် အပြည်ပြည်ဆိုင်ရာလေ့ လာရေးကျောင်းနှင့် အရှေ့တောင် အာရှဒေသဆိုင်ရာ လေ့လာရေး ဌာနတို့မှ ကိုယ်စားလှယ်များတက်
ရောက်ခဲ့သည်။

The Union Daily

0 comments:

Post a Comment