22.2.14

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောဆွေးနွေးပွဲ တရားဝင်ခွင့်ပြုချက်ရရှိ


Saturday, February 22, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ခြင်းအခန်း (၁၂)တွင် ပါဝင်သည့် ပုဒ်မ ၄၃၆(က) ပြင်ဆင်ရေးကို အဓိကထားဟောပြောမည့်ဆွေးနွေး ပွဲကို ဗဟန်းမြို့ ဗိုလ်စိန်မှန်ကွင်း တွင် ယခုလ ၂၃ရက်၌ပြုလုပ်ရန် တရားဝင် ခွင့်ပြုချက်ရရှိပြီဖြစ် ကြောင်း ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်သည့်လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုက ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။


အဆိုပါ ဟောပြောဆွေးနွေးပွဲ ကျင်းပရန်အတွက် ယခုလ ၁၈ ရက်၌ ဗဟန်းမြို့နယ် ရဲစခန်းသို့ သွားရောက်တင်ပြခဲ့ရာ ယနေ့တွင် တရားဝင်ခွင့်ပြုပေးလိုက်ခြင်းဖြစ် ကြောင်း ဟောပြောပွဲစီစဉ်သူများ ထံမှ သိရသည်။

''ကျွန်တော်တို့ခွင့်ပြုချက်ရ ပါပြီ။ ဗိုလ်စိန်မှန်ကွင်းအသုံးပြုခွင့် ကိုတော့ စည်ပင်သာယာက ပန်း ဥယျာဉ်ဌာနမှူးဆီမှာ ခွင့်ပြုချက် တောင်းရမယ်။ ခွင့်ပြုချက်မရလဲ ကျွန်တော်တို့က လုပ်မှာပါ''ဟု ဦးဝင်းချိုကပြောသည်။

အဆိုပါဟောပြောဆွေးနွေးပွဲ တွင် ပုဒ်မ ၄၃၆(က)ပြင်ဆင်ရေး ကို အဓိကထားဟောပြောဆွေးနွေး မည်ဖြစ်ပြီး တက်ရောက်လာသည့် ပြည်သူလူထု၏မေးမြန်းမှုများကို ဥပဒေပညာရှင်များက ပြန်လည်ဖြေ ကြားသွားမည်ဖြစ်ကြောင်း ဦးဆောင် ကျင်းပသူတစ်ဦးဖြစ်သည့် မြန်မာ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် မှ ဦးနေမျိုးဇင်ကပြောသည်။

ပုဒ်မ ၄၃၆(က)ပြင်ဆင်ရေး ဟောပြောဆွေးနွေးပွဲကို ဦးဆောင် စီစဉ်သူများမှာ လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချို၊ မြန်မာ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် မှ ဦးနေမျိုးဇင်၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠု နှင့် တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်းတို့ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ခြင်းအခန်း (၁၂)တွင် ပါဝင်သည့် ပုဒ်မ ၄၃၆(က)သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏အခန်း (၁၂)ပုဒ်မ ၄၃၆တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်
အားလုံး ၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင် ရန် သဘောတူလက်ခံပြီး နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင် ဆင်ရမည်ဟု ဖော်ပြပါရှိသည်။

The Union Daily

0 comments:

Post a Comment