21.3.16

ပြင်သစ် ၆၀၀ ကျော် အိုင်အက်စ်အဖွဲ့ထံ ဝင်ရောက်ခဲ့

အိုင်အက်စ်အဖွဲ့မှာ ရောက်ရှိနေတဲ့ ပြင်သစ် တိုက်ခိုက်ရေးသမား ၆၀၉ ဦးရှိပြီး အမျိုးသမီး ၂၈၃ ဦး ပါဝင်ပါတယ်။

ပြင်သစ်နိုင်ငံမှ လူ ၆၀၀ ကျော်ဟာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ထံ ဝင်ရောက်ဖို့ ဆီးရီးယားနဲ့ အီရတ်ကို ထွက်ခွာသွားခဲ့ကြောင်း ဝန်ကြီးချုပ် မန်နျူရယ် ဗောလ်က ပြောပါတယ်။ ဒါ့ပြင် နောက်ထပ် လူပေါင်း ၈၀၀ က အိုင်အက်စ်အဖွဲ့ကို ဝင်ရောက်ဖို့အတွက် ပြင်သစ်မှ ထွက်ခွာရန် ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။
အိုင်အက်စ်အဖွဲ့မှာ ရောက်ရှိနေတဲ့ ပြင်သစ် တိုက်ခိုက်ရေးသမား ၆၀၉ ဦးရှိပြီး အမျိုးသမီး ၂၈၃ ဦး ပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံမှ ထွက်ခွာပြီး အိုင်အက်စ်အဖွဲ့ထံ သွားရောက်ခဲ့သူများအနက် ၁၇၀ ဟာ ဆီးရီးယားနဲ့ အီရတ်မှာ သေဆုံးခဲ့ပြီး အခြား ၃၀၀ ဝန်းကျင်က ပြင်သစ်ကို ပြန်ရောက်လာကြောင်းလည်း သိရပါတယ်။
နိုင်ငံတစ်ဝန်း လူ ၁,၀၀၀ ခန့်ကို အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ မိမိတို့ ပိုင်နက်အတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှု တန်ပြန်စစ်ဆင်ရေး ဆင်နွှဲနေကြောင်း ပြင်သစ်ဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း လူ ၁၃၀ သေဆုံးခဲ့တဲ့ ပါရီမြိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပြင်သစ်သမ္မတ ဟော်လန်ဒေးက အကြမ်းဖက်သမားများအပေါ် စစ်ကြေညာထားခဲ့ပါတယ်။
Credit To >>> ပြည်မြန်မာ

0 comments:

Post a Comment