21.3.16

မြစ်ဆုံစီမံကိန်းဆက်လက်ဆောင်ရွက်မည်ဆိုသည်မှာကောလာဟလ သာဖြစ်ဟု NLD ပြောကြား


လာမယ့်အစိုးရသစ်ကာလမှာမြစ်ဆုံရေကာတာစီမံကိန်းဆက်လက်
ဆောင်ရွက်မယ်ဆိုပြီးပြင်ပမှာ ထွက်ပေါ်နေတဲ့သတင်းတွေဟာ
ကောလာဟလသတင်းတွေသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ(NLD) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောကြား
လိုက်ပါတယ်။

မတ်(၁၉)ရက်က နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ လာမယ့်အစိုးရသစ်နဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တေ
အကြောင်းနဲ့လက်ရှိပြင်ပမှာထွက်ပေါ်နေတဲ့ မြစ်ဆုံစီမံကိန်းဆက်လက်
ဆောင်ရွက်မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေ
ရဲ့မေးမြန်းချက်တွေကို အဲဒီလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဦးဆောင်မယ့်အစိုးရသစ်ဟာ
ပြည်သူ့ဆန္ဒအတိုင်းဆောင်ရွက်မှာဖြစ်သလိုဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်ကလည်းပြည်သူတွေအတွက်သာရှေးရှုမယ်လို့ပြောဆိုထားပြီး
ဖြစ်တာကြောင့် ပြည်သူတွေရဲ့ဖွံ့ဖြိုးမှုကိုသာရှေးရှုဆောင်ရွက်မှာဖြစ်တယ
လို့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။ ကချင်ပြည်နယ် ဧရာဝတီမြစ်
အထက်ပိုင်းမေခနဲ့ မလိခမြစ်ပေါ်မှာ ရေကာတာ ခုနစ်ခု တည်ဆောက်ဖို့ (၂၀၀၆)ခုနှစ်ကတပ်မတော်အစိုးရနဲ့ China Power Investment Corporation(CPI) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့နားလည်မှု
စာချွန်လွှာရေးထိုးခဲ့ကြတာဖြစ်ပြီး လက်ရှိနိုင်ငံတော်သမ္မတဦးသိန်းစိန်
ဦးဆောင်တဲ့အစိုးရစတင်တာဝန်ယူတဲ့ (၂၀၁၁)ခုနှစ်မှာမြစ်ဆုံစီမံကိန်းနဲ့
ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒအရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
မြစ်ဆုံစီမံကိန်း ဆောင်ရွက်မှုကို သူဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမှာဖြစ်ကြောင်း (၂၀၁၁)ခုနှစ် စက်တင်ဘာ(၂၉) ရက်က အမိန့်ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ဒီသတင်းကို Central News Bureau မှ မီမီခိုင်နဲ့ကေသွယ်စန်းတို့ကပေးပို့တာဖြစ်ပါတယ်။
Credit To >>> Central News Bureau

0 comments:

Post a Comment