21.3.16

မိုဘိုင်းဖုန်းအခွန်ကောက်ခံရန် အော်ပရေတာသုံးခု ပြင်ဆင်

လာမည့်ဘဏ္ဍရေးနှစ်စ ဧပြီလမှစတင်၍ မိုဘိုင်းဖုန်းများ၏ ကြိုတင်ငွေဖြည့်ကတ် များမှ ကုန်သွယ်ခွန်ကောက်ခံရန် ဆက်သွယ်ရေးအော်ပရေတာ သုံးခုဖြစ် သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနောနှင့် အော်ရီဒူးတို့ က ပြင်ဆင်နေပြီဖြစ်ကြောင်း အဆိုပါအော်ပရေတာများထံမှ စုံစမ်းသိရှိရသည်။

၂၀၁၆ ပြည်ထောင်စုအခွန်ဥပဒေအရ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုသုံးစွဲသူ များသည် ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်းကို လာမည့်ဧပြီလ ၁ ရက်နေ့မှ စတင်ပေးဆောင်ရန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားပြီဖြစ်၍ အခွန်ကောက်ခံရမည့်နည်းလမ်းများကို အစိုးရနှင့်ဆွေးနွေးနေကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူများက ပြောဆိုသည်။
“ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့က အခွန်ဘက်ကစကောက်ဆိုတဲ့အချိန် မှာ ကောက်သွားမယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး ဦးစိုင်းစောလင်းထွန်းကဆိုသည်။
အော်ရီဒူးကလည်း မိုဘိုင်းသုံးစွဲသူများထံမှ အခွန်ကောက်ခံမည့်စနစ်များ ကို ဆွေးနွေးလျက်ရှိကြောင်း အော်ရီဒူးမြန်မာသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဘဏ္ဍာရေးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် သက်ဆိုင်ရာ ပြည်တွင်းအခွန် ဦးစီးဌာနသို့ အခွန်ကောက်ခံရန်ညွှန်ကြားချက် မထွက်ရှိသေးကြောင်း ပြန် လည်ဖြေကြားသည်။
“မပေးချင်ဘူးလေ။ နိုင်ငံခြားမှာအခွန်ပေးလို့ ပင်စင်ရရင် ပြန်ခံစားလို့ရ တယ်လေ။ ဘာခံစားမှုမှမရှိဘဲ အခွန်ပေးရတာအလဟဿလို့ပဲထင်တယ်။ အင်တာနက်ကျ ကောင်းအောင်လုပ်မပေးဘဲ အခွန်ထပ်ပေးရမှာလား” ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ မသီရိကမှတ်ချက်ပေးသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လတွင်စတင်၍ ကြိုတင်ငွေဖြည့်သွင်းမှုများမှ ကုန်သွယ်ခွန်ကောက်ခံရန် ဆက်သွယ်ရေးနှင့် သတင်းအချက်လက် နည်းပညာဝန်ကြီးဌာနက ကြေညာထားသော်လည်း သုံးစွဲသူများဝေဖန်မှု များခြင်းကြောင့် လွှတ်တော်တွင်အရေးကြီးအဆိုတင်သွင်းရာမှ ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကင်းလွတ်ခွင့်ရထားခဲ့ခြင်းဖြစ်သည်။
Credit To >>> The Voice weekly 

0 comments:

Post a Comment