15.6.16

၂၀၂၀ မတိုင်ခင် လုပ်ငန်းရဲ့ ရောင်းကုန်တန်ဖိုးပမာဏကို ဒေါ်လာ ဘီလီယံ ၉၀၀ အထိ တိုးမြင့်ရရှိနိုင်မယ်လို့ Alibaba ကုမ္မဏီ မျှော်မှန်း


လာမယ့် ၂၀၂၀ ပြည့်နှစ်မတိုင်ခင်မှာ အရောင်းပမာဏကို
နှစ်ဆနီးပါးထိတိုးမြင့်လာနိုင်ဖို့ မျှော်လင့်ထားတယ်ဆိုပြီး
တရုတ်ရဲ့ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းစု
Alibaba Group Holding Ltd က ပြောကြားလိုက်ပါတယ်။

Alibaba လုပ်ငန်းစုကြီးအနေနဲ့ ယင်းရဲ့လုပ်ငန်း ယခုထက်
ဆက်လက်တိုးတက်နေဦးမယ်ဆိုပြီး မျှော်လင့်နေခဲ့တာဖြစ်သလို
ယင်းရဲ့ စီအီးအို Jack Ma ကလည်း ဈေးကွက်ထဲမှာ
ပစ္စည်းအတုတွေထွက်ပေါ်နေတာကို အရှိန်မြင့်
တားဆီးနှိမ်နင်းသွားမယ်ဆိုပြီး ပြောဆိုထားပါသေးတယ်။
၂၀၂၀ ဘဏ္ဍာနှစ် အရောက်မှာတော့ ကုမ္မဏီရဲ့ စုစုပေါင်း
ရောင်းကုန်ပမာဏတန်ဖိုးပိုင်းမှာ အမေရိကန်
ဒေါ်လာ ၉၁၂ ဘီလီယံ (ယွမ် ၆ ထရီလီယံ) ထိ
စံချိန်တင်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်ဆိုပြီး
ဟန်ကျိုးမြို့မှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးတစ်ရပ်မှာ
Alibaba ကုမ္မဏီက ပြောကြားလိုက်တာဖြစ်ပါတယ်။
ယခုနှစ် ၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ လုပ်ငန်းရဲ့ စုစုပေါင်း
ရောင်းကုန်တန်ဖိုးပမာဏဟာ ယွမ် ၃ ဒသမ ၀၉ ထရီလီယံ
ရှိမယ်လို့ ဆိုပါတယ်။
၂၀၃၆ ခုနှစ်မတိုင်ခင် ကုမ္မဏီရဲ့ အရောင်းစာရင်းစာအုပ်ထဲမှာ
ဖောက်သည်ပေါင်း ၂ ဘီလီယံထိ ရှိမယ်လို့ မျှော်လင့်တယ်ဆိုပြီး
စီအီးအို Jack Ma က ပြောပါတယ်။ လက်ရှိ ၂၀၁၆ မှာတော့
ဝယ်သူဦးရေဟာ ၄၂၃ သန်း ရှိနေတယ်လို့ သိရပါတယ်။
အွန်လိုင်း ပလက်ဖောင်းတွေကနေ အတုအယောင်
ပစ္စည်းတွေကို ဖယ်ရှားဖို့ ကုမ္မဏီက အားထုတ်ကြိုးပမ်းနေတယ်
လို့လည်း Jack Ma က ပြောကြားသွားပါတယ်။
Alibaba ကုမ္မဏီရဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချပေးနေတဲ့
ပလက်ဖောင်းတွေပေါ်မှာ ပစ္စည်းအတုတွေနဲ့
ရောထွေးနေတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက
စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ထားရပါတယ်။
" ကျွန်တော်ကတိပေးပါတယ်၊ ဒီလိုမျိုး အတုလုပ်ထားတဲ့
ပစ္စည်းတွေကို မူပိုင်ခွင့်ခိုးထားတာတွေကို ကျွန်တော်တို့
တားဆီးရှင်းလင်းသွားမှာပါ၊ ဒီပြဿာနာကို ရှင်းနိုင်လိမ့်မယ်လို့
ယုံကြည်ပါတယ်" လို့ Jack Ma က ပြောကြားသွားပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment