15.6.16

ပြည်တွင်းမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် မြေယာလုပ်ပိုင်ခွင့်မှာ အဟန့်အတားဖြစ်နေ


 ပြည်တွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုး တက်ရန်အတွက် လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်နိုင် ရန် မြေယာလုပ်ပိုင်ခွင့် သည် အဟန့်အတားဖြစ်နေကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်မှသတင်းရရှိသည်။


လက်ရှိကြက်၊ ၀က်၊ ငါး၊ ပုစွန် စသည့် မွေးမြူရေးလုပ်ငန်းရှင်များ သည် မွေးမြူရေးလုပ်ငန်းများလုပ် ကိုင်ရာ ၌ မြေယာပိုင်ဆိုင် ခွင့်မရှိခြင်း ကြောင့် ရင်းနှီးမြှုပ်နှံရန်အခက်အခဲများ ကြုံတွေ့လျက်ရှိပြီး လုပ်ငန်းများတိုး ချဲ့လုပ်ကိုင်နိုင် ရန်အတွက်လည်း မြေ ယာလုပ်ပိုင်ခွင့်သည်အဟန့်အတား ဖြစ်နေခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ် ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဒေါက်တာမြ ဟန်က "လယ်ယာဥပဒေဟာ ယခင် အင်္ဂလိပ်အစိုးရ လက်ထက်မှာရေး ဆွဲခဲ့တာဖြစ်လို့ အဲဒီအချိန်မှာ မွေးမြူ ရေးကဏ္ဍက တိုးတက်မှုမရှိသေးပါ ဘူး။ အရင်းအနှီးကလည်း နည်းပြီး သဘာဝအရ အင်းအိုင်မြစ်ချောင်း တွေကဖမ်းဆီးတာပဲ စားသုံးကြတယ်။ အခုမွေးမြူရေးကဏ္ဍဟာ ဖွံ့ဖြိုးလာ ပြီး commercial farms တွေဖြစ် လာပေမယ့် လိုက်လျောညီစွာမွေးမြူ ရေးလုပ်ကိုင်တဲ့လယ်ယာမြေနဲ့ ပတ် သက်တဲ့ဥပဒေမရှိသေး ပါဘူး။ မြေယာ ပိုင်ခွင့်မရှိသေးတဲ့အတွက်လုပ် ငန်းတွေက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတိုးချဲ့မှုတွေအတွက် အဟန့်အတား ဖြစ်နေ ပါတယ်။ အခုခြံတစ်ခြံကိုရင်း နှီးမြှုပ်နှံဖို့က သိန်းပေါင်းထောင်နဲ့ ချီရှိနေပါတယ်" ဟု ပြောသည်။

အဆိုပါ မွေးမြူရေးလုပ်ငန်းများ အတွက်မြေယာမြေများကို သတ်မှတ် ပေးကာလယ်ယာမြေများကဲ့သို့ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေးရန် လိုအပ် ကြောင်း မွေးမြူရေးလုပ်ငန်းရှင် အ သိုင်းအ၀ိုင်းကဆိုသည်။

ဒေါက်တာမြဟန်က "မြေယာ မှာကြည့်ရင် တချို့နိုင်ငံတွေမှာတော့ မြေယာသတ်မှတ်ပေးတာရှိတယ်။တရုတ်နိုင်ငံမှာဆိုရင် လယ်ယာစိုက် ပျိုးရေးဧရိယာရဲ့ ၁၅ ရာခိုင်နှုန်းကို မွေးမြူရေးလုပ်ငန်းအတွက် မြေဧရိ ယာသတ်မှတ်တာရှိပါတယ်။ဗီယက် နမ်၊ ထိုင်းမှာလည်းသတ်မှတ်တာ ရှိပါတယ်။ ဒီမှာလည်း မွေးမြူရေး လုပ်ငန်းတွေအတွက် မြေယာကိုပိုင် ခွင့်နှစ်ရှည်လုပ် ကိုင်ခွင့်ပေး ဖို့လိုအပ် ပါတယ်။ ဒါမှလုပ်ငန်းတွေတိုးချဲ့ဖို့ အတွက် ဘဏ်ချေးငွေရရှိမှသာ လုပ်ကိုင်လို့ရမှာဖြစ်ပါတယ်" ဟုပြော သည်။

ယင်းအပြင် ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းများတွင် မြေယာပိုင်ဆိုင် ခွင့်မရှိသည့်အတွက် အရင်းအနှီးမ လုံလောက်သည့် အခက်အခဲများအပြင် ငါးကန်များ၏ လုံခြုံမှု၊ တရားဥပဒေ စိုးမိုးမှုအားနည်းနေသည့် အတွက် ငါးမွေးမြူရေးလုပ်ငန်းရှင်များ အခက် အခဲတွေ့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်မှ အထွေထွေအတွင်းရေးမှူးဦး ၀င်းကြိုင်က "မွေးမြူရေးပိုင်းမှာမြေ ယာပိုင်ဆိုင်ခွင့်ဥပဒေ၊ ငါးကန်၊ ပုစွန် ကန်တွေရဲ့ လုံခြုံရေးတွေနဲ့ပတ်သက် လို့အခွင့်အရေးတွေ တန်းတူညီတူရှိ ဖို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးကိုတော့ တင်ပြထားပါတယ်။ငါးမွေးမြူရေးကန်တွေမှာကမင်းမဲ့ စရိုက်နဲ့ အုပ်စုဖွဲ့ခိုးတာထက်ကျော် လွန်ပြီး လုတဲ့အဆင့်ရောက်နေတာ တွေဖြစ်နေတယ်။ ဒီငါးကန်၊ ပုစွန်ကန် တွေ မှာဖြစ်နေတဲ့လုံခြုံရေးပြဿနာ ကို ထိန်းကျောင်းပေးဖို့ပါ တင်ပြထား ပါတယ်"ဟုပြောသည်။
Credit To >>> Democracy Today

0 comments:

Post a Comment