15.6.16

မြန်မာအစိုးရ၏ ခွင့်ပြုချက်ရပါက မြစ်ဆုံစီမံကိန်း စာချုပ်ပါ အချက်များကို ပြည်သူများသို့ ချပြသွားရန် ဆန္ဒရှိကြောင်း တရုတ်သံရုံးမှ ပထမအတွင်းဝန် PAN Xaesong ဆို

မြန်မာအစိုးရ ခွင့်ပြုချက် ရရှိပါက မြစ်ဆုံစီမံကိန်း စာချုပ်ပါ အချက်များကို ပြည်သူလူထုသို့ ချပြရန် ဆန္ဒရှိကြောင်း တရုတ်သံရုံးမှ ပထမအတွင်းဝန် မစ္စတာ PAN Xaesong က ပြောသည်။

မြစ်ဆုံစီမံကိန်း ကိစ္စနှင့် ပတ်သက်ပြီး စာချုပ်ချုပ်ဆိုရာတွင် နှစ်နိုင်ငံ သဘောတူချက်များအရ စာချုပ်ပါ အချို့အချက်များအား လျှို့ဝှက်အဖြစ် ထားရှိရန် သဘောတူညီချက်များလည်း ပါဝင်ကြောင်း သို့ဖြစ်ပါ၍ တစ်ဖက်တည်း၏ သဘောဆန္ဒတစ်ခုတည်းဖြင့် စာချုပ်ပါ အချက်များအားလုံး ချပြရန်မှာ မဖြစ်နိုင်ကြောင်းလည်း မစ္စတာ PAN Xaeosong ကပြောသည်။

ယင်းအပြင် မကြာခင် ရက်ပိုင်းအတွင်း ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း မစ္စတာ PAN Xaeosong က ''ကျွန်တော်တို့ရဲ့ သံအမတ်ကြီးက ရန်ကုန်ကိုရောက်တာ တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ကချင်ပြည်နယ်ကို မရောက်ဘူးသေးတဲ့ အတွက် လေ့လာရေးခရီးစဉ် အဖြစ် သွားရောက် ခဲ့တာပါ။ ဟိုရောက်တော့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို သွားရောက် နှုတ်ဆက်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ ဒေသခံတွေက ဆန္ဒပြခဲ့တာ သိပါတယ်။ ဒါက သူတို့ရဲ့လွတ်လပ်ခွင့် အနေနဲ့ ပြတာပါ။ ဒါနဲ့ပတ်သက် ပြီးတော့လည်း ကျွန်တော်တို့ အနေနဲ့ ဘာမှမပြောလိုပါဘူး။ အမှန်ပြောရမယ်ဆိုရင်တော့ မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ကတော့ ယခင် အစိုးရနဲ့ ကုမ္ပဏီချုပ်ဆိုထားတဲ့ စာချုပ်ကို ပြည်သူလူထုသိအောင် ချပြ သင့်တယ်။ ဒါကို ပြည်သူတွေက လေ့လာပြီးတော့မှ ဆက်လုပ်သင့် မလုပ်သင့်ကို ဆုံးဖြတ်တာ ပိုသင့်တော်ပါတယ်''ဟု PAN Xaesong က ပြောသည်။

ကချင်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက် အရေးကြီးသည့် ပြည်နယ်တစ်ခု ဖြစ်သည့်အပြင် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက်လည်း အရေးကြီးသည့် နယ်မြေတစ်ခု ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။

Credit To >>> Tomorrow Journal

0 comments:

Post a Comment