20.6.16

ဗေဒါများရှင်းသွားသော်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒါးကမြစ်ရေမြင့်တက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ကျောင်းကုန်းမြို့တွင် နေ့စဉ်ရက်ဆက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒါးကမြစ်ရေသည် မြင့်တက်လျက်ရှိပြီး သာမန်ပုံမှန်ရေထက် ငါးပေခန့် မြင့်တက်လာကြောင်း ကျောင်းကုန်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်း အမြစ်)မှ သိရသည်။ တချို့ မြေနိမ့် ပိုင်းများဖြစ်သည့် အမှတ်(၃) ရပ်ကွက် ရွှေဘိုတန်းတွင် လမ်းအချို့ ရေနစ် မြုပ်လျက်ရှိကြောင်း ဒေသခံပြည်သူ တစ်ဦးက ပြောသည်။

ကျောင်းကုန်းမြစ်ကူးတံတားကြီးမှ ကျောင်းကုန်းမြို့ပေါ်ရပ်ကွက်အထိ တစ်မိုင်ခန့်အတွင်း စက်လှေများ တိုးမပေါက်လောက်အောင် ပြည့်ကျပ် နေသော ဗေဒါများသည် ဇွန် ၁၅ ရက်တွင် လုံးဝရှင်းလင်းသွားသော်လည်း မြစ်ရေမြင့်တက်လာမှုကြောင့် စောစောစီးစီး ရေကြီးနိုင်သည့် အန္တရာယ် ဖြစ်ပေါ်လာနိုင်သည်။နောက်ထပ်အမြင့်ပေ နှစ်ပေခန့် ဆက်လက်မြင့်တက်လာမည်ဆိုလျှင်မြို့ပေါ်အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊အမှတ်(၃)ရပ်ကွက်နှင့် ကျေးရွာအချို့ ရေလွှမ်းမိုးမည်ဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment