20.6.16

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်၊ ထွက်လည်ပတ်လျက်ရှိ

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် တာချီလိတ်နယ်စပ်ဝင်၊ ထွက်ပေါက်မှတစ်ဆင့် လာရောက် လည်ပတ်လျက်ရှိရာ ဇွန် ၁ဝ ရက်မှ ၁၆ ရက်အထိ ထိုင်း၊ တရုတ်နိုင်ငံသားအများစုပါဝင်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၃၇၁ ဦးတို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်နယ်စပ်သို့ ဝင်ရောက်ကာ တာချီလိတ်မြို့တွင်းရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသား ကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းများသို့ သွားရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။

ထိုင်း၊ တရုတ်နိုင်ငံသားအများစုပါဝင်သော နိုင်ငံခြားသားခရီးသွားဧည့်သည် ၃၂ ဦးတို့သည် မိုင်းဖြတ်၊ ကျိုင်းတုံ၊ ခရီးစဉ်သို့လည်းကောင်း၊ ထိုင်းနိုင်ငံသားအများစုပါဝင်သော နိုင်ငံခြားသားခရီးသွားဧည့်သည် ၅၅ ဦး တို့သည် မိုင်းလားခရီးစဉ်ဒေသသို့ လည်းကောင်း၊ ထိုင်း၊ တရုတ်နိုင်ငံသားအများစုပါဝင်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၇၉ ဦးတို့သည် တောင်ကြီး-အင်းလေး-ပုဂံ-မန္တလေး-ကျိုက်ထီးရိုး-ရန်ကုန်စသည့် ပြည်တွင်း ပိုင်းခရီးစဉ်ဒေသများသို့ လည်းကောင်း သွားရောက်လည်ပတ်ခဲ့ကြသည်။
Myanmar Senses Travels & Tours Co.,Ltd. ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံသားဧည့်သည် Mr.Aridhasan Menandi (P/P No,A-33590180)နှင့်အဖွဲ့ဝင်တစ်ဦးတို့သည် ဇွန် ၁၆ ရက်တွင် ¤င်းတို့၏ ကိုယ်ပိုင် မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် တာချီလိတ်မြို့မှ ဝင်ရောက်ပြီး ဇွန် ၁၆ ရက်မှ ဇွန် ၂၇ ရက်အထိ တာချီလိတ်-ကျိုင်းတုံ-နမ့်ဆန်-တောင်ကြီး-အင်းလေး-ပုဂံ-ကလေး-တမူး-ကလေး- မုံရွာ-မန္တလေး- နေပြည်တော်- ကျိုက်ထီးရိုး-မြဝတီမြို့များသို့ သွားရောက်လည်ပတ်ပြီး မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာမည့်ခရီးစဉ်လည်း ရှိခဲ့ကြောင်း သိရသည်။
နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝရှုခင်းများကို ပကတိလေ့လာခံစားနိုင်စေရန်၊ နယ်မြေဒေသအသီးသီးရှိ အထင်ကရခရီးစဉ်နေရာများ၊ ဒေသတစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသော ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များနှင့် လူနေမှုဘဝပုံစံများကို ကိုယ်တိုင်လေ့လာ သိရှိခံစားနိုင် စေရန်အတွက် အဆက်မပြတ်ဝင်၊ ထွက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment