8.6.16

လက်ရှိဘဏ္ဍာနှစ် မြန်မာ့ကုန်သွယ်မှု ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော်အထိရှိလာ

လက်ရှိဘဏ္ဍာနှစ် မေလကုန်အထိ မြန်မာကုန်သွယ်မှု အမေရိကန်
ဒေါ်လာ ၃ ဒသမ ၅ ဘီလီကျော်အထိရှိလာနေပြီး ယခင်ဘဏ္ဍာနှစ်
ကာလတူကုန်သွယ်မှုထက် ကန်ဒေါ်လာသန်းတစ်ရာကျော် ပိုမိုကုန်
သွယ်နိုင်ခဲ့တယ်လို့ စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက
ထုတ်ြပန်လိုက်ပါတယ်။

အခုဘဏ္ဍာနှစ် ၂ လတာအတွင်း ပိုကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၅
ဘီလီယံကျော်အထိရရှိခဲ့ပြီး သွင်း ကုန်ပစ္စည်းတင်သွင်းမှုမှ အမေရိကန်
ဒေါ်လာ ၂ ဒသမ ၀၁ ဘီလီကျော်အထိရှိလာခဲ့တာဖြစ်ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက “ အစိုးရ
သစ်အနေနဲ့ ကုန်သည်လုပ်ငန်းရှင် တွေအခက်အခဲဖြစ်နေတဲ့ မူဝါဒအတား
အဆီးတွေကို တက်နိုင်သမျှဖြေလျော့ပေးနေပါတယ်၊ သွင်းကုန်ပို့ကုန်
လိုင်စင်တွေကအစ မလိုအပ်ပဲအချိန်ကုန်မခံရအောင်ပြုလုပ်ပေးနေတာပါ
နောက်ပိုင်းကုန်သွယ်မှုက ဒီထက် တက်လာဖို့ ကျွန်တော်တို့မျှော်လင့်ထား
ပါတယ်”လို့ပြောပါတယ်။
ပို့ကုန်ကဏ္ဍမှာ လယ်ယာထွက်ကုန်ပစ္စည်းကဏ္ဍမှ ကန်ဒေါ်လာ ၄၃၃ သန်း၊ ရေထွက်နဲ့တိရိစ္ဆာန်ထွက်ပစ္စည်း ကဏ္ဍမှ ကန်ဒေါ်လာ ၆၄ ဒသမ ၉ သန်း၊
သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုက ကန်ဒေါ်လာ ၁၆ ဒသမ ၆ သန်း၊
သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၂ ဒသမ ၆ သန်း၊ စက်မှု
ကုန်ချောကဏ္ဍမှ ကန်ဒေါ်လာ ၇၆၄ သန်း၊ အခြားပို့ကုန်ပစ္စည်းတင်ပို့မှုမှ
ကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ကုန်သွယ်နိုင်ခဲ့ပါတယ်။
သွင်းကုန်ပစ္စည်းကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုမှ
ကန်ဒေါ်လာ ၈၈၅ သန်း၊ လုပ်ငန်းသုံးကုန် ကြမ်းပစ္စည်းတင်သွင်းမှုမှ
ကန်ဒေါ်လာ ၆၈၁ သန်း၊ လူသုံးကုန်ပစ္စည်းတင်သွင်းမှုမှ ကန်ဒေါ်လာ
၅၀၇ သန်းအထိကုန်သွယ်နိုင်ခဲ့ပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment