5.9.16

ဗြိတိန်ကို လွတ်လပ်စွာကုန်သွယ်မှုပိုင်းမှာ၊ကမ္ဘာ့ဦးဆောင်နိုင်ငံကြီးဖြစ်လာဖို့ လုပ်ဆောင်မယ်လို့ ၀န်ကြီးချုပ်သစ် ထရီဇာမေ ပြော

ဗြိတိန် ၀န်ကြီးချုပ် ထရီဇာမေက ၎င်းအနေနဲ့ အီးယူကနေ နှုတ်ထွက်ထားပြီးဖြစ်တဲ့ နိုင်ငံကို လွတ်လပ်တဲ့ ကုန်သွယ်မှုလုပ်ငန်းပိုင်းမှာ ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်နိုင်ငံ အဖြစ် ပေါ်ပေါက်နိုင်ဖို့ ဆန္ဒရှိနေတယ်လို့ စက်တင်ဘာလ ၃ ရက်က ပြောကြားလိုက်ပါတယ်။

အလားတူ G20 အစည်းအဝေးကို သွားရောက်တော့မယ့်အချိန် ဗြိတိန်အနေနဲ့ အီးယူအလွန် တရုတ်နဲ့ ပူးပေါင်းပြီးတော့ “ရွှေရောင်ခေတ်” တစ်ခေတ်ကို မြင်တွေ့ရတော့မယ်လို့ မေက တရုတ်နဲ့ ပူးပေါင်းသွားတော့မယ့်အပေါ်မှာပါ
ရည်ညွန်းပြောဆိုလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် တရုတ်နိုင်ငံကို မသွားရောက်ခင် အထက်ပါအတိုင်းပြောကြားလိုက်တာဖြစ်ပြီးတော့ သူမအနေနဲ့ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး တရုတ်ရဲ့ သမ္မတရှီနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။
အလားတူ အီးယူကနေ နှုတ်ထွက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကမှ စတင်တာဝန်ယူခဲ့တဲ့ မေဟာ တရုတ်နိုင်ငံမှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားအပါအ၀င် အခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
“ အခုဆိုရင်တော့ ဗြိတိန်-တရုတ် ဆက်ဆံရေး ရွှေခေတ်တစ်ခေတ်ကိုရောက်ပါတော့မယ်၊ ဒီနှစ်နိုင်ငံအကြား ကျွန်မတို့အနေနဲ့ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုမျိုးလုပ်သွားနိုင်သလဲဆိုတာကို တရုတ်သမ္မတကို ကျွန်မပြောပြသွားပါမယ်” လို့ မေက ဆိုပါတယ်။
“ ဒါပေမယ့် တရုတ်နဲ့ ပူးပေါင်းမယ်ဆိုပေမယ့် တစ်ခြားကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း ပြောပြစရာရှိပါတယ်၊ အဲဒါဘလဲဆိုတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ကျွန်မတို့ လွတ်လပ်တဲ့ ကုန်သွယ်မှုတွေ လုပ်ဆောင်နိုင်တယ်ဆိုတာပါပဲ၊ ဒီအခွင့်အရေးတွကို ဗြိတိန်တို့ ဘယ်လိုမျိုး ရယူလိုနေတယ်ဆိုတာကိုပြောပြချင်ပါတယ်၊ ကျွန်မရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ ဗြိတိန်ကိုလွတ်လပ်တဲ့ ကုန်သွယ်မှုပိုင်းမှာ ကမ္ဘာ့ဦးဆောင် နိုင်ငံဖြစ်စေချင်တာပါပဲ” လို့ သူမက ပြောသွားပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment