
အများပိုင်ယာဉ်လိုင်းကုမ္ပဏီ အဖြစ်လုပ်ကိုင်ဖို့ လျှောက်ထားတဲ့ကုမ္ပဏီ ၂၁ ခုအထိရှိနေတယ်လို့ သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှုး ဒေါက်တာမောင်အောင်ကပြောဆိုပါတယ်။
မြို့ပြသယ်ယူပို့ဆောင်ရေးလုပ်ငန်း အဆင့်မြင့်တင်ဖို့ လမ်းကြောင်းတူယာဉ်လိုင်းတွေကိုစုပြီး အများပိုင်ယာဉ် လိုင်းကုမ္ပဏီအဖြစ် တည်ထောင်လုပ်ကိုင်ဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကုမ္ပဏီလျှောက်ထားခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။
ထိုကဲ့သို့ အများပိုင်ယာဉ်လိုင်းကုမ္ပဏီအဖြစ် လုပ်ကိုင်ဖို့လျှောက်ထား တဲ့ကုမ္ပဏီတွေထဲမှာ ငွေကြေးတောင့် တင်မှုအားည်းတဲ့ ကုမ္ပဏီတွေပါဝင်နေတာကြောင့် လုပ်ငန်းအမှန်တကယ်အောင်မြင်အောင် လုပ်ကိုင်နိုင်တဲ့ ကုမ္ပဏီတွေကို ထပ်မံစီစစ်ရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေနဲ့ အများပိုင်ယာဉ်လိုင်းကုမ္ပဏီ ၁၀ အခုအထိခွင့် ပြုသွားမှာဖြစ်ပြီး လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီတွေအနေနဲ့ ၂၀၀၆ မော်ဒယ်လ်အထက် ယာဉ်တွေကိုသာအသုံးပြု ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ခွင့်ရမှာလည်းဖြစ်ပါတယ်။
အာဏာပိုင်အဖွဲ့အနေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်လိုတဲ့ အခြားသောကုမ္ပဏီတွေကို ထပ်မံခွင့်ပြု တော့မှာဟုတ်ပဲ ဖွဲ့စည်းခွင့်ပြုပီးသားဖြစ်တဲ့ အများပိုင်ကုမ္ပဏီတွေမှာ ရှယ်ယာရှင်အဖြစ်နဲ့သာ ခွင့်ပြုသွားမှာလည်းဖြစ်ပါတယ်။
အာဏာပိုင်အဖွဲ့အနေနဲ့လည်း အများပိုင်ယာဉ်လိုင်းကုမ္ပဏီတွေအောင်မြင်စေဖို့ လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေလုပ် ဆောင်သွားမှာဖြစ်ပြီး စည်းကမ်းထိန်းသိမ်းမှုလုပ်ငန်းတွေကိုလည်း ကြီးကြပ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment