5.9.16

ယူကရိန်းနဲ့ တရုတ်တို့ပေါင်းပြီး ကမ္ဘာ့အကြီးဆုံးနဲ့ အလေးဆုံးလေယာဉ်ထုတ်လုပ်မည်

ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အလေးဆုံး လေယာဉ်ကြီးကို ထုတ်လုပ်ဖို့ သဘောတူညီချက်တစ်ခုကို ယူကရိန်းနဲ့ တရုတ်တို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Antonov AN-225 Mriya လို့ ခေါ်တဲ့ မဟာဗျူဟာကျ ကုန်တင်လေယာဉ်ကြီးတွေကို ထုတ်လုပ်ဖို့အတွက် ယူကရိန်းရဲ့ လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်း Antinov နဲ့ တရုတ်ရဲ့ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း တို့ အကြား လက်မှတ်ရေးထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယင်းစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို ၂၀၁၆မေလကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်း ကမ္ဘာ့အကြီးဆုံးနဲ့ အလေးဆုံး လေယာဉ် Mriya ကို ၁၉၈၀ ခုနှစ်က ယခင်ဆိုဗီယက်ယူနီယံမှာ ထုတ်လုပ်ခဲ့တာဖြစပီးတော့ ၁၉၈၈ ခုနှစ်မှာ ယင်းရဲ့ပထမဆုံးပျံသန်းမှုကိုလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့Antovov ကုမ္ပဏီရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Antonov Airlines က စီမံခန့်ခွဲလျက်ရှိပါတယ်။

ယခု တရုတ်နဲ့ ယူကရိန်းအကြား သဘောတူညီချက်မှာတော့ ယင်းလေယာဉ်အမျိုးအစား ဒုတိယတစ်စီးကို ထုတ်လုပ်တည်ဆောက်သွားမှာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရတော့ တရုတ်တို့ဘက်က ယင်းလေယာဉ်တည်ဆောက်မှု မူပိုင်ခွင့်ကို ၀ယ်ယူရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း ယင်းသတင်းတွေကို ယူကရိန်းရဲ့ Antonov ဘက်က ပြန်လည်ငြင်းဆိုထားခဲ့ပါတယ်။
Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment