5.9.16

ရေနံလုပ်ကွက်ဒေသအစိတ်အပိုင်းတွေ တောမီးလောင်ကျွမ်းခံလိုက်ရလို့ ကနေဒါနိုင်ငံရဲ့ စီးပွားရေးအကြီးအကျယ် ထိခိုက်ခဲ့ရ

လက်တင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကနေဒါရဲ့ လက်ရှိ စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကာလနောက်ပိုင်း ယခုအခါ အကြီးအကျယ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ယင်းရဲ့ အဓိကရေနံထုတ်လုပ်မှု လုပ်ငန်းဟာ ဆက်လက်ပြီး အကျပ်အတည်းအောက်မှာ ရုန်းကန်နေရလျက်ရှိနေပါတယ်။

နိုင်ငံရဲ့ ယခုနှစ် ဒုတိယသုံးလပတ် ဂျီဒီပီ တိုးတက်မှုဟာ ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယင်းက ၂၀၀၉ ခုနှစ်နောက်ပိင်း အများဆုံး ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ယခုနှစ် ပထမသုံးလပတ်တုန်းကတော့ စီးပွားရေးတိုးတက်မှု ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံရဲ့ ရေနံလုပ်ကွက်အများစုရှိရာ ဒေသမှာ မကြာသေးတဲ့ကာလကတောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာကြောင့် ယင်းရဲ့ ရေနံထုတ်လုပ်မှုပိုင်းကို များစွာ လျော့ကျသွားစေခဲ့တာကြောင့် နိုင်ငံရဲ့ စီးပွားရေးကိုရိုက်ခတ်လာခဲ့ပါတယ်။

" ကနေဒါ ရဲ့ အခြေအနေကတော့ တော်တော်လေး ဆိုးတဲ့ဘက်ကို ရောက်နေခဲ့ပါပြီ၊ တောမီးလည်း အကြီးအကျယ် လာင်ထားတယ်၊ ပြီးခဲ့တဲ့ လတွေကဆို ပို့ကုန်ပိုင်းမှာ စိတ်ပျက်စရာကောင်းလောက်အောင် အကျဘက်ကို ရောက်ခဲ့ပါတယ်" လို့ BMO Capital Markets မှ အကြီးတန်း စီးပွားရေး ပညာရှင် Sal Guatieri က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ယင်းနိုင်ငံရဲ့ မြောက်ပိုင်း Alberta ဒေသ အစိတ်အပိုင်းတော်တော်များများ တောမီးလောင်ကျွမ်းခံခဲ့ရပြီးတော့ ယင်းဒေသမှာကရေနံထုတ်လုပ်ငန်းတွေအများအပြား တည်ရှိနေတာကြောင့် ဆုံးရှုံးမှု များပြားခဲ့ပါတယ်။ တောမီးက မြေနေရာ စတုရန်း မိုင် ၂,၃၀၀ ကိုလောင်ကျွမ်းစေခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၆ ဘီလီယံ လောက်ထိဆုံးရှုံးစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကမ္ဘာ့ရေနံဈေးနှုန်းတွေ ထိုးကျခဲ့စဉ်က ကနေဒါနိုင်ငံဟာစီးပွားရေး ပျက်ကပ်တစ်ခုထဲ ကျရောက်ခဲ့ပြီး နောက်ပိုင်းကာလတွေကျမှ ပြန်လည်နားလန်ထူနိုင်ခဲ့တာဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment