5.9.16

ပြည်သူ့စစ်အယောင်ဆောင် တရုတ်နိုင်ငံသားနှင့် မြန်မာခုနစ်ဦး ကျိုင်းတုံတွင် ဖမ်းမိ

 ပြည်သူ့စစ်အဖွဲ့အဖြစ် ဟန်ဆောင်ထားသော တရုတ်နိုင် ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား ခုနစ်ဦးပါဝင်သောအဖွဲ့ကို ကျိုင်း တုံမြို့တွင် ဖမ်းမိခဲ့ကြောင်း ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ-မိုင်းလားလမ်းပေါ်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ပါဝင် သော ပူးပေါင်းအဖွဲ့က ဖြတ်သန်း သွားလာသည့် ယာဉ်များအား တားဆီးစစ်ဆေးစဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူးဝင်းသန်းက ‘‘ကျွန် တော်တို့ သတင်းရလို့ တားဆီးစစ်ဆေးခဲ့တာပါ။ ဖမ်းမိတာမှန်ပါ တယ်။ စစ်ဆေးနေပါတယ်’’ဟု ပြောသည်။
ဖမ်းဆီးစစ်ဆေးခံနေရသူ ရှစ်ဦးအနက် ခြောက်ဦးက ပြည် သူ့စစ်ယူနီဖောင်းဝတ်ဆင်ထား ပြီး နှစ်ဦးမှာ အရပ်ဝတ်ဖြင့် လိုက် ပါလာခြင်းဖြစ်ကာ ၎င်းတို့အဖွဲ့ တည်းခိုသည့် ကျိုင်းတုံမြို့ပေါ်ရှိ ဟိုတယ်အခန်းသို့ ဝင်ရောက် ရှာဖွေရာ မူယစ်ဆေးဝါးအနည်းငယ်ပါ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
ယင်းအမှုတွင် အသက်(၂၂) နှစ်အရွယ်ရှိ တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားခုနစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ အက်ဥပဒေအပြင် အယောင် ဆောင်မှုပုဒ်မ-၁၇၀၊ ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ-၈ နှင့် လဝက ဥပဒေအရပါ အမှုဖွင့်စစ်ဆေးနေ ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
တရုတ်ရဲတပ်ဖွဲ့က ၎င်းတို့ နိုင်ငံမှ အကြမ်းဖက် စာရင်းဝင် သူအချို့ မြန်မာနိုင်ငံနယ်စပ်ကို ဖြတ်ကာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ အခြေစိုက်ရာနိုင်ငံများသို့ သွားရောက်နိုင်သဖြင့် အကယ်၍  မြန်မာနိုင်ငံထဲတွင် တရုတ်နိုင်ငံသားများ ဖမ်းမိပါက အသိပေးအကြောင်းကြားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ တောင်းဆိုထားသည်။ သြဂုတ်လ လယ်ခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိအချို့ တရုတ်နိုင်ငံသို့ သွားရောက်စဉ် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်တွင် ဖမ်းမိသူ တရုတ်နိုင်ငံသားသည် အကြမ်းဖက်အဖွဲ့နှင့် မဆက်စပ်ကြောင်း ဒုတိယရဲမှူး ဝင်းသန်းက ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment