5.9.16

ဟံသာဝတီလေဆိပ်စီမံကိန်း တည်ဆောက်ရန် ဒီဇင်ဘာတွင် စာချုပ်ချုပ်မည်

ဟံသာဝတီလေဆိပ် စီမံကိန်း လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီနှင့် လာမည့် ဒီဇင်ဘာ တွင် စီမံကိန်းတည်ဆောက်ရေး သဘောတူစာချုပ်ချုပ်ဆိုမည်ဟု သတင်းရရှိသည်။

‘‘ဒီနှစ် နှစ်ကုန်ခါနီးမှာ တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်နိုင်ဖို့ အနေအထားရှိတယ်။ ဒါပြီးရင် လုပ်ငန်းစဖို့ ရှိပါတယ်’’ ဟု လေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြော သည်။
မြန်မာနိုင်ငံ၏ အကြီးမား ဆုံး လေဆိပ်စီမံကိန်းဖြစ်လာမည့် ဟံသာဝတီ လေဆိပ်ကို GC-Yongnam-Changi Airport International Consortium က တင်ဒါအောင်မြင်အပြီး တစ်နှစ်အကြာတွင် အစိုးရနှင့် စာချုပ်ချုပ်ဆို နိုင်မည် ဖြစ်သည်။
နှစ်စဉ်ခရီးသည်တိုးပွားလာ သော ရန်ကုန်လေဆိပ်နေရာတွင် ပိုမိုပြီး ၀န်ဆောင်မှု ပေးနိုင်ရေး ဟံသာဝတီ လေဆိပ်စီမံကိန်းကို ရန်ကုန်မြို့နှင့် မိုင် ၅၀ အကွာတွင် တည်ဆောက်ရန် စာချုပ်ချုပ်ဆိုပြီးသည်နှင့် စီမံကိန်း စတင်မည် ဖြစ်သည်။
ပဲခူးမြို့ကျောက်တိုင်ကန်ရွာ အနီး ယခင်ဂျပန်ခေတ်က လေ ဆိပ်သဖွယ်အသုံးပြုခဲ့သော မြေ ဧက ၉၀ ကျော်တွင် အကောင်အ ထည်ဖော်မည့် ဟံသာဝတီ လေ ဆိပ်စီမံကိန်းမှာ အမေရိကန်ဒေါ် လာ ၁ ဒသမ ၄ ဘီလီယံကုန်ကျနိုင်ဖွယ်ရှိကြောင်း စီမံကိန်းလုပ် ဆောင်မည့် ကုမ္ပဏီက ခန့်မှန်း ထားသည်။
စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်က တောင်ကိုရီးယား အင်ချွန် နိုင်ငံတကာ ကုမ္ပဏီက တည်ဆောက်ရန် သဘောတူညီမှု ရရှိပြီးဖြစ်သော်လည်း အခြေအ နေအချို့ကြောင့် သဘောတူညီမှု ပျက်ပြားခဲ့သည်။
ထို့ကြောင့် GC-Yongnam-Changi Airport International Consortium ကို ဆက်လက်ရွေး ချယ်ပြီး လေဆိပ်စီမံကိန်းကို အ ကောက်အထည်ဖော်ရန် စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။
မူလက ဟံသာဝတီလေဆိပ် စီမံကိန်းကို ၂၀၁၆ တွင် စတင်နိုင် ရန် မျှော်မှန်းခဲ့သော်လည်း ကုမ္ပဏီရွေးချယ်မှု အပိုင်း၌ ကြန့်ကြာနေ၍ ၂၀၁၇ မှသာ စတင်နိုင်မည် ဖြစ်သည်။
Credit To>>> 7 Day Daily

0 comments:

Post a Comment