25.6.13

ဗီတာမင်အီး မှီဝဲခြင်းကြောင့် အသည်းကင်ဆာ ဖြစ်နိုင်ခြေလျှော့ချနိုင်



   ဗီတာမင်အီးကို အစားအစာ ဒါမှမဟုတ် အားဆေးအဖြစ် ရရှိပါက အသည်းကင်ဆာ ဖြစ်နိုင်ခြေလျော့ ကျနိုင်တယ်လို့ အမျိုးသားကင်ဆာတက္ကသိုလ်မှ လေ့လာမှုအရ ဖော်ပြထားပါတယ်။ ဗီတာမင်အီးဟာ အဆီ မှာပျော်ဝင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ဖြစ်ပါတယ်။ လေ့လာမှုအများအရ ဗီတာမင်အီးဟာ DNA ပျက်စီးမှုကို ကာကွယ်နိုင်ကြောင်း သိရပါတယ်။ အသည်းကင်ဆာဟာကမ္ဘာပေါ်မှာ တတိယအဖြစ်များဆုံး ကင်ဆာအမျိုးအစားဖြစ်ပြီး အမျိုးသားတွေထဲမှာ နံပါတ်ငါးအဖြစ်များဆုံးဖြစ်ကာ အမျိုးသမီးတွေမှာ နံပါတ်ခုနစ်အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်တယ်လို့ သိရပါတယ်။ အသည်းကင်ဆာဝေ ဒနာရှင်တွေရဲ့ ၈၅ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာဖြစ်ပေါ်ပြီး တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာ ၅၄ရာခိုင်
နှုန်း ဖြစ်ပေါ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဗီတာမင်အီးမှီဝဲမှုနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေအများဆုံးကို ရှန် ဟိုင်းတက္ကသိုလ်မှ သုတေသီတွေက လေ့လာခဲ့ရာမှာ ဗီတာမင်အီးကို အစားအစာမှ ရရှိသူတွေနဲ့ ဗီတာမင် အီးကို အားဖြည့်ဆေးအနေနဲ့မှီဝဲသူ နှစ်အုပ်စုစလုံးဟာ အသည်းကင်ဆာ ဖြစ်နိုင်ခြေနည်းပါးကြောင်းတွ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။
 Ref...bluenavyblog

0 comments:

Post a Comment