25.6.13

နိုင်ငံရပ်ခြား ပညာသင်မည့်သူများ သတိထားစရာ ငွေ အလိမ်ခံရနိုင်သည့် နည်း (၇) မျိုး

ငွေကြေးကို ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့ဆိုတာ ပြည်ပမှာ ပညာ သွားသင်မယ့် ကျောင်းသားများအတွက်ရော ၊ ခေတ်မီနည်းစနစ်နဲ့ ချိတ်ဆက်ပြီး ငွေကြေးကို သုံးစွဲနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက်ပါ သိပ်ကို အရေးကြီးလှပါတယ်။ မသမာသူတွေရဲ့ ငွေကြေး လိမ်လည်ရယူတတ်မှုကို ကျောင်းသားတွေ အထိုက်အလျောက် သိထားစေဦးတော့ မိမိတို့ရဲ့ ငွေတွေကို လိမ်ယူဖို့ အချိန်မရွေး ချောင်းမြောင်းနေတဲ့ လိမ်သူတွေ အချို့ရှိနေတာကိုလည်း စိုးရိမ်ရပါတယ်။

" သင်ဘယ်ကနေ ငွေကြေးဘယ်လောက်ရရှိပါလိမ့်မယ်။ ဒီလို လက်ခံရရှိဖို့ အတွက် ငွေအရင်ပို့ပေးပါ " ဆိုတဲ့ လူသိများတဲ့ လိမ်နည်း မျိုးကိုတော့ တုံ့ပြန်နေဖို့ မလိုမှန်း မိမိတို့ ကောင်းကောင်း သိကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အခြားသော သတိပြုရမယ့် ကောက်ကျစ်တဲ့ ငွေကြေး လှည့်ဖျားယူနည်း တွေရှိပါသေးတယ်။ အခုဖော်ပြမယ့် နည်းတွေက ကျောင်းသွားတက်မယ့် သူတွေအတွက် အဓိက သတိထားစရာတွေဖြစ်ပါတယ်။

*** PHISHING ***

Phishing ဆိုတာကတော့ ဒစ်ဂျစ်တယ် သူခိုးတွေက် သင့်ရဲ့ ဘဏ် နဲ့ ချိတ်ဆက်ထားတဲ့ ကဒ် ကို ဖောက်ထွင်းဝင်ဖို့ ကြိုးပမ်းတဲ့အခါ လိုအပ်တဲ့ သင့်ရဲ့ Username နဲ့ Password တွေကို အရယူဖို့ ကြိုးစားတဲ့ နည်းပါ။ လိမ်ညာပြီး ငွေယူချင်သူတွေက ဘဏ်တစ်ခု ၊ ဒါမှမဟုတ် Paypal တို့ ၊ eBay တို့က သင့်ထံ Email ပို့သလိုမျိုး ဟန်ဆောင်ပြီး မေးလ် တစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီမေးလ်ထဲမှာ Link တစ်ခုကို နှိပ်ခိုင်းပြီး သင့်ရဲ့ Identity နဲ့ အခြားအချက်အလက်အသေးစိတ်ကို ထည့်သွင်းခိုင်းတာမျိုးပါ။ သူတို့ပေးတဲ့ Link နောက်လိုက်ပြီး နှိပ်မိအောင်လည်း သင့်အကောင့်ကို အဟက် ခံထားရလို့ တောင်းတာပါဆိုတဲ့ ဆင်ခြေလှလှ ဇာတ်လမ်း တစ်ပုဒ်ဆင် ရေးထားတတ်ကြပါသေးတယ်။ ငွေလိမ်တောင်းသူရဲ့ E-mail ထဲက Link အတုတစ်ခုကို သိနိုင်ဖို့ နည်းတွေကတော့ သိပ်များပါတယ်။ အဲဒီ Email ဟာ https:// နဲ့ စ, မစ သေချာအောင်ကြည့်ပါ။ ငွေလိမ်သူတွေရဲ့ E-mail က http:// ဆိုပြီး s မပါတာမျိုး တွေ့ရနိုင်ပါတယ်။

နောက်တစ်နည်းက သူတို့ပေးထားတဲ့ Link ပေါ်မှာ မနှိပ်ပဲ သင့်မောက်စ် Cursor ကို တင်ပြီး ရပ်ထားလိုက်ပါ။ အဲဒီ Link က တကယ့် E-mail လိပ်စာ အစစ်အမှန်ကို ဖော်ထုတ်ပြပါလိမ့်မယ်။ တကယ်လို့ ကိုယ့်ဆီ ၀င်လာတဲ့ E-mail လိပ်စာနဲ့ကွဲနေတယ် ၊ မသိတဲ့ လိပ်စာ ဖြစ်နေတယ် ဆိုရင်တော့ အဲ့ဒီ Link ကို မနှိပ်ပါနဲ့ ။ ဆိုက်ဘာသူခိုးတွေဟာ လူသိများတဲ့ ကုမ္ပဏီကြီးတွေ ရဲ့ ၀က်ဘ်ဆိုက်လိပ်စာနဲ့ဆင်သယောင်လေးတွေ ဖန်တီးပြီးတော့လည်း ငွေခိုးတတ်ကြပါသေးတယ်။ ဥပမာ www.hot-mail.com ဒါမှမဟုတ် www.verify-hotmail.com ဆိုတာမျိုးပေါ့။ ဒါကို typo-squatting ဒါမှမဟုတ် cybersquatting လို့ခေါ်ပါတယ်။ အဲဒီလောက်ထိ သိပ်မသေချာသေးဘူးဆိုရင်တော့ သင်ရရှိတဲ့ E-mail ဟာ သင်နဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီရဲ့ E-mail ဟာ သင်နဲ့ ချိတ်ဆက်ထားတဲ့ E-mail ဟုတ်မဟုတ်ကို ကုမ္ပဏီကို ဆက်သွယ်ပြီးလည်းကောင်း ၊ ဖုန်းနဲ့လည်းကောင်း မေးမြန်းလိုက်ပါ။

*** Fake Wesites and Fake Products ***

ငွေလိမ်သူတွေက Brand တွေအပေါ်မှာထားတဲ့ ကျွန်ုပ်တို့ရဲ့ ယုံကြည်မှုကို သတိပြုမိပြီး ဒါက အလွဲသုံးစားပြုသောအားဖြင့် ၀က်ဘ်ဆိုက်အစစ်တွေကို ပုံတူတုပထားတဲ့ဆိုက်တွေနဲ့ အသုံးပြုသူတွေကို သုံးမိအောင် ဖြားယောင်း တတ်ပါတယ်။ အဲဒီ website တွေဟာ ကုန်ပစ္စည်း အတုတွေကိုရောင်းလေ့ ရှိတတ်ပြီး တခါတရံအဖြစ်မျိုးတွေမှာတော့ ကိုယ်ဝယ်လိုက်တာကို ဘာမှ ပြန်မပို့ပေးတာအထိမျိုးပေါ့။ ပုံတူတုပတယ်ဆိုတဲ့ website တွေဟာ ယေဘုယျအားဖြင့် လျှပ်စစ်ပစ္စည်းတွေလို ဒီဇိုင်နာလက်ကိုင်အိတ်တွေလို စွဲမက်ဖွယ်ဈေးကြီးကြီးပစ္စည်းတုတွေကို ထိုးဖောက်ရောင်းချလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ရှန်ပူတို့ မိတ်ကပ်တို့လို ကုန်ပစ္စည်းတုတွေကို ရောင်းချမှု မြင့်မားခဲ့တာမျိုးလည်းရှိပါတယ်။

ဝက်ဘ်ဆိုက်အတုတွေဟာ လိမ်လည်သူတွေက Layout , Colour Scheme , Text နဲ့ Logo အားလုံးကို တကယ့် Site အစစ်အတိုင်း အသုံးပြုကြတဲ့အတွက် သိဖို့ ခက်ပါတယ်။ ၀က်ဆိုက်တစ်ခုရဲ့ မှန်ကန်မှုကို စစ်ဆေး ဖို့ကတော့ UK မှာဆို UK Postal Address အပြည့်အစုံကို ရှာဖို့ပါပဲ။ E-mail တစ်ခုသက်သက်ရှာဖို့မဟုတ်ပါဘူး ။ ဒီနည်းက တကယ်လို့များ တစ်ခုခုမှားယွင်းသွားရင် ကုမ္ပဏီနဲ့ In Touch ဖြစ်စေပါတယ်။ Site တစ်ခုရဲ့ ယုံကြည်ထိုက်မှုကို အာမ,မခံနိုင်ပေမယ့် ပါရမယ့် လိပ်စာမပါရင် သင့်အနေနဲ့ သံသယဖြစ်သင့်ပါတယ်။

နောက်ထပ်တစ်နည်းက အဲဒီဝက်ဘ်ဆိုက်အမည်ကို Copy ကူးပြီး Google ရဲ့ Search Box ထဲမှာ Paste ချလို့ ရှာကြည့်ပြီး အခြားဈေးဝယ်သူတွေရဲ့ Comment တွေကို ဖတ်ကြည့်ပါ။ ဒါက အဲဒီ Site နဲ့ ပါတ်သက်လို့ အသုံးဝင်မယ့် သတိပေးချက် စကားလုံးတွေ ပေးမှာဖြစ်လို့ အင်တာနက် သူခိုးတွေဘေးက ဝေးအောင်ကူညီပေးပါလိမ့်မယ်။

*** Ticket Scams ***

Gig Ticket တွေလောက် ဘယ်အရာကမှ ကျွန်ုပ်တို့ရဲ့ နှလုံးသားကို မပျော်ဝင်စေနိုင်ပါဘူး။ လက်မှတ်တုတွေက ပုံစံ အမျိုးမျိုးနဲ့လာတတ်ပါတယ်။ လိမ်ညာကြေငြာသူတစ်ဦးဦးဆီက ဈေးဝယ်ရင်းလည်း သင် လက်မှတ် အတု တွေ ရနိုင်ပါတယ်။ လက်မှတ်တုတွေနဲ့ သင်ဘာမှသုံးမရတာ ဒါမဟုတ် လုံးဝ ခိုးခံ ရတာမျိုးနဲ့ အဆုံးသတ်နိုင်ပါတယ်။ လတ်မှတ်အတုအစကို ဝေခွဲနိုင်ဖို့ ဘယ်လက်မှတ်ရောင်းနေလဲ၊ ဘယ်လိုပုံစံလဲဆိုတာလေ့လာပါ။ ဘယ်တော့မှ လူလိမ်ကို ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိကြောင်း ပေးမသိလိုက်ပါနဲ့။ ကိုယ်က ဘယ်မျှသော ပမာဏသာ ပေးနိုင်ကြောင်းပြောပါ လိမ်ညာ ကြော်ငြာ ခြင်းတွေဟာ seatwave, viagogo နဲ့ eBay တို့လို website များမှာပါ ရှိနေတတ်ပါတယ်။ ဒီလို site တွေပေါ် အတုလုပ်တာ ကာကွယ်ဖို့ Safety measure တွေ ရှိနေချိန်မှာပဲ လက်မှတ်တွေကို သိပ်မများလှတဲ့ ဈေးနှုန်းနဲ့ ပြန်ရောင်းနေတာတွေလည်းရှိပါတယ်။

တကယ်လို့ သင်ဟာ လက်လီအရောင်းသည်တွေဆီကများ လက်မှတ် ၀ယ်ခဲ့မယ် ဆိုရင်လည်း ကျွန်ုပ်တို့ အကြံပြုချင်တဲ့ သတိပေးချက်တွေက အထက်ပါ ၀က်ဘ်ဆိုက်တုများကို ရှောင်တဲ့နည်းအတိုင်းပါပဲ။ ဒါမှ လက်မှတ် အတုတွေဝယ်မိတာကို ရှောင်နိုင်မှာပါ။ ဖြစ်နိုင်မယ်ဆို သင်ဟာ Credit Card နဲ့လည်း ၀ယ်မိနိုင်တာပါပဲ။ ဒါဆိုရင်တော့ လက်မှတ်မစစ်မှန်ရင် သင့်ငွေပေးချေမှုကို Cancel လုပ်လို့ ရပါတယ်။

*** Cash Machines ***

သိပ်မကြာခင်အတောအတွင်းမှာကြားသိနေရတာတွေကတော့ ငွေထုတ်စက် တွေကနေ ငွေလိမ်ထုတ်မှုတွေ တဟုန်ထိုး မြင့်တက်နေခြင်းပါပဲ ဒါဟာ ပိုမို အဆင့်မြင့်တဲ့ နည်းစနစ်များကို အသုံးပြုခိုးယူတာဖြစ်လို့ သိဖို့လည်း ခဲယဉ်းပါတယ်။ေ ငွသူခိုးတွေသုံးတဲ့နည်းတစ်ခုက skimmer attachment ဆိုတာပါ။ ဆိုလိုတာက ငွေထုတ်စက်ထဲကို သင့်ကဒါထည့်လိုက်မယ့်နေရာမှာ သူခိုးတွေက အပြားလေးတစ်ခုတပ်ထားလိုက်ကြပြီးတဲ့နောက် သင့် ကဒ် ပေါ်က Data အသေးစိတ်ကို မှတ်တမ်းယူထားလိုက်ခြင်းပါ။ ဒါကို သိနိုင်ဖို့ ၊ ခြေရာခံဖို့ သိပ်ခက်ပေမယ့် ကိုယ်ငွေထုတ်စက်ကို မသုံးခင် ပုံမှန် တွေ့နေကျ မဟုတ်တဲ့ သတ္တုပြားလေး တစ်မျိုးမျိုးးရှိ,မရှိ scratches နဲ့ masking tape တွေရှိပုံ ပေါ်, မပေါ် စစ်ဆေးနိုင်ပါတယ်။ skimmer attachment ဆိုတဲ့ ခိုးနည်းမှာ နောက်ထပ်သုံးလေ့ရှိတဲ့ခိုးနည်းက လျှို့ဝှက်ကင်မရာတွေနဲ့ ခိုးတာပါ။ အဲဒီကင်မရာမျိုးက သင့်ကဒ် PIN နံပါတ်ကို မှတ်ထားလိုက်ပြီး မမြင်ရတဲ့ နေရာမှာ သိမ်းဆည်းထားလိုက်ခြင်းပါ။ ဒါကို ရှောင်မိဖို့ကလည်း အထက်ပါနည်းအတိုင်း ငွေထုတ်စက်ကို မသုံးခင် အရောင်မတူတဲ့ သတ္တုပြား ရှိ,မရှိ ၊ Pane အပိုလေးတွေရှိ, မရှိ စသဖြင့်သံသယဖြစ်ဖွယ် အရာဝတ္ထုမျိုးကို ရှိ, မရှိစစ်ပါ။

ဒီလို ရိုးရှင်းတဲ့ အကြံပေးချက်တွေက ငွေထုတ်စက်ရှေ့ရောက်ရင် ဟိုဟို ဒီဒီ စစ်ရ နဲ့ အာရုံနောက်နိုင်ပေမယ့် ဒါက အကောင်းဆုံး အကြံပြုချက်ပါ။ နောက်တစ်ခု က ကိုယ်က ငွေထုတ်စက်နားရောက်တဲ့အချိန် ကိုယ်နဲ့ သိပ် နီးနီး ကပ်ကပ် မှာ ရပ်နေတဲ့လူ ရှိရင် စက်ကိုမသုံးသေးပဲ သတိနဲ့ စောင့်နေပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘဏ်တွေရဲ့ အထဲမှာ ထားတတ်တဲ့ ငွေထုတ်စက် တွေကထုတ်သုံးပေါ့။

*** Store Cards ***

ဒါက လှည့်ဖျားလိမ်နေစရာမလိုတဲ့ Store Cards နည်းကို သတိပြုဖို့ပါ။ Store Card ကို သုံးရင် သုံးသူက မိမိ လစဉ်ပုံမှန်ဝင်ငွေကို တင်ပြဖို့ လိုအပ် ပါတယ်။ သတင်းတွေအရတော့ အရောင်းဆိုင်လက်ထောက်တွေက ၀ယ်သူတွေ ကို Form ပေါ်မှာ လိမ်ဖြည့်ဖို့ တိုက်တွန်းတတ်ပါတယ်။ Card ပေါ်မှာ ငွေများများရဖို့ ကိုယ့် ၀င်ငွေမှန် ထက် ချဲ့ကား ရေးတာမျိုးပေါ့ ဘာ့ကြောင့် သူတို့ ဒီလိုလုပ်တာလည်းဆိုရင် သူတို့ မှန်းသလောက် ရောင်းရအောင်ပေါ့။ အဲဒီလို Form ကို လိမ်ဖြည့်လိုက်တာက Store ကဒ် ကိုင်သူ ကိုယ့်အတွက်တော့ တစ်ပုံတစ်ပင် ၀ယ်မိပြီး အကြွေး မဆပ်နိုင် ဖြစ်သွားစေမယ့် ငွေသူခိုးရဲ့ ထောင်ချောက်မိခြင်းမျိုးကြုံဖို့ လမ်းကြောင်းဆီ ဦးတည်သွားပါလိမ့်မယ်။

Store Card တွေဆိုတာ ကျောင်းသားတွေအတွက် ရှိထားထိုက်တဲ့ အရာမျိုး မဟုတ်လို့ ဖြစ်နိုင်ရင်လုံးဝရှောင်ပါ။ ဒါပေမယ့်လည်း သင့်မှာ ငွေကြေး ပြေလည် လို့ သုံးမယ်ဆိုရင်တော့ ဆိုင်ဝန်ထမ်းတွေပြောတာ နားမယောင်ပဲ ကိုယ် တကယ်တတ်နိုင်တဲ့ ငွေပမာဏကိုပဲ Form မှာ မှန်ကန်စွာဖြည့်ပါ။ နောက်ပြီး Credit Card သုံးသူတွေအတွက် ပေးထားတဲ့ အကြံပြုချက် တွေကိုပါ ဖတ်ရင် Store Card သုံးသူတွေအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။

*** Job Opportunities ***

ဒီလို ထောင်ချောက်မျိုးကို မိတဲ့သားကောင်မျိုးက အလုပ်လိုအပ်ပြီး မျှော်လင့်ချက် မဲ့ နေတဲ့ သူမျိုးတွေပေါ့။ "ဘာအတွေ့အကြုံမှ မလိုပါ" ၊ "အချိန်ပိုင်း အလုပ်နဲ့ အချိန်ပြည့် လခရမယ် " စတဲ့ အလုပ်ကြော်ငြာမျိုးတွေနဲ့ ကျောင်းသားတွေ ကို ဖျားယောင်းလိမ်ညာတတ်ကြပါတယ်။ အဲဒီ အလုပ်မျိုးတွေ ဟာ ငွေလိမ်ယူတာတွေဖြစ်ပြီး အလုပ်ရှာနေသူတွေဆီက အမြတ်ထုတ်ကြတာပါ။

အလုပ်ကြော်ငြာတွေနဲ့ ပါတ်သက်ပြီး ချင့်ချိန်တဲ့အခါ သတိပြုစရာတွေက သိပ်များလှပါတယ်။ ကုမ္ပဏီအများစုကတော့ Free Phone တို့ standard landline number တို့ကို သုံးတာပါ။ UK မှာဆိုရင် တချို့သော Higher Rate Number တွေဆိုရင်တော့ 0844 , 0870 , 0871 , 0845 တွေနဲ့ စတတ်ပါတယ်။ ကုမ္ပဏီတစ်ခုက ဘယ်လောက်ကြိုတင်ငွေသွင်းပါလို့ စပြောလာရင်တော့ သတိထားပါ။ နေရာထိုင်ခင်းနဲ့ တခြားဝန်ဆောင်မှု အတွက် ငွေသွင်းရတာမျိုးရှိတတ်ပေမယ့် ပံ့ပိုးမှုတွေ ၊ အထောက်အပံ့တွေ ၊ Training တွေနဲ့ တိုက်ရိုက် နှီးနွယ်တဲ့ ငွေတောင်းမှုမျိုးဆိုရင် ဒါက လိမ်တောင်းခြင်းပါပဲ။

နောက်ထပ်သတိပြုစရာတွေက် အပြင်မှာ လက်တွေ့လုပ်ငန်းတည်ရှိတဲ့ လိပ်စာမပါခြင်း ၊ သင့်လျှောက်လွှာကို ချက်ခြင်း တုံ့ပြန်ခြင်း ၊ အလုပ်နှင့် ပတ်သက်တဲ့ ဖော်ပြချက် ရှင်းလင်းမှုမရှိခြင်းတို့ ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်ချေ ရှိတဲ့ ငွေလှည့်ဖျားယူမှုတွေကြောင့် သင်ငွေသွင်းမယ့် ကုမ္ပဏီနဲ့ ပါတ်သက်လို့ ကြိုတင်လေ့လာမယ်ဆိုရင် အသုံးဝင်တဲ့ Facebook တွေ ရနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အလုပ်နဲ့ ပါတ်သက်လို့ အညာ မိ သွားပြီ ထင်ရင်တော့ Action Fraud ကို သတင်းပို့ပါ။

*** Bogus Landlords ***

Bogus Landlords တွေကတော့ အင်တာနက်ပေါ်ကနေ ပစ္စည်း ပစ္စယတွေ ရှာနေတဲ့ ကျောင်းသားတွေဆီက အမြတ်ထုတ် တာပါ။ သူတို့အတွက် ပစ္စည်း ၀ယ်ငွေကို မချေခင် ပစ္စည်းလာမကြည့်နိုင်တဲ့ နိုင်ငံတကာ ကျောင်းသားတွေ က သိပ်အဖိုးတန်တဲ့ သားကောင်တွေပါပဲ။ Fake landlords တွေဟာ website အတုတွေနဲ့ ကြေငြာပြီး ကျောင်းသားတွေကို ပစ္စည်းမရခင် ငွေ ချေခိုင်း တတ်ကြပါတယ်။ အဲဒီငွေလိမ်သူတွေက ငွေပေးချေမှုအတွက် ကျောင်းသားတွေ ရဲ့ ငွေကြေး ငွေဝင်နိုင်စွမ်းကို အထောက်အထားတစ်ခု ပြခိုင်းတတ်ပါတယ်။ အဲဒီနောက်တော့ ကျောင်းသားတွေဟာ တကယ့် လက်တွေ့ မှာ မရှိတဲ့ ပစ္စည်းတစ်ခုအတွက် ကိုယ်ချေလိုက်တဲ့ငွေက အခိုးခံရ ၊ အလိမ် ခံလိုက်ရတယ် ဆိုတာ တွေ့ရတော့တာပါပဲ။

ဒါကို ရှောင်ဖို့ အကောင်းဆုံးနည်းက ကျောင်းသား သမဂ္ဂရဲ့ နေရာထိုင်ခင်းနဲ့ ပါတ်သက်တဲ့ ၀န်ဆောင်မှုကို ဆက်သွယ်ဖို့ပါပဲ။ သူတို့ က တကယ့် တရားဝင် အခန်း / ပစ္စည်းပိုင်ရှင်တွေနဲ့ ချိတ်ပေးပါလိမ့်မယ်။ ကိုယ်က ငှားမယ့် အိမ်ခန်း ကို မကြည့်ခင် နိုင်ငံရပ်ခြားကနေ ငွေကြိုချေရမယ်ဆိုရင်တော့ Western Union လို မသိတဲ့ တတိယ လူတစ်ယောက် / အဖွဲ့အစည်း တစ်ခု ဆီ ငွေလွှဲဖို့ ထောက်ခံမှုမပြုထားတဲ့ Money Transfer မျိုးနဲ့ ဘယ်တော့ မှ ငွေမလွှဲပါနဲ့။ ဒါ့အပြင် လိပ်စာ ၊ စာပို့ကုဒ်နံပါတ် ၊ ကုမ္ပဏီ ဖုန်း နံပါတ်တွေ ကို မေးပါ။

အခုဆိုရင်တော့ UK ကို ဒါမှမဟုတ် အခြားနိုင်ငံတွေမှာ ကျောင်း သွားတက်မယ့် ကျောင်းသူ ကျောင်းသားတွေအတွက် သတိပြုသင့်တဲ့ အများဆုံးငွေလိမ်နည်းတွေနဲ့ ပါတ်သက်လို့ အကြမ်းဖျဉ်း သိလောက်ပြီလို့ မျှော်လင့်ပါတယ်။

တကယ်ပေးချင်တဲ့ message ကတော့

" If it looks too good to be true then it probably is ! " ဆိုတာ ပါပဲ။

0 comments:

Post a Comment