25.6.13

ပုဒ်မ ၄၀၁ ကို လုံးဝ သုံးတော့မည်မဟုတ်


နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်များထဲမှ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အပါအ၀င် အဖွဲ့ငါးဖွဲ့ စုပေါင်းကာ လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း ၈၈ ယောက်ကို သမ္မတရုံးဝန်ကြီးဌာန မှ ကော်မတီအတွင်းရေးမှူး ဦးအောင်သိန်းထံ ဇွန်လ ၁၆ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ လေး ကြိမ်မြောက် အစည်းအဝေးတွင် ပေးပို့နိုင်ခဲ့ပြီဖြစ်ကြောင်း ကော်မတီဝင် ဦးရဲအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

"ဇွန်လ ၁၆ ရက်နေ့ အစည်းအဝေးမတိုင်ခင် ရှေ့အစည်းအဝေးတုန်းက အကျဉ်းထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားစာရင်း ၂၀၀ကို သမ္မတရုံးဝန်ကြီး ဌာနမှ ဦးအောင်သိန်းက ကော်မတီဝင်တွေကို ပို့ပေးထား တာ ရှိပါတယ်။ သမ္မတရုံးက အယောက် ၂၀၀ စာရင်းမပေးပို့ခင် ကျွန်တော်တို့အဖွဲ့က ၁၅၅ ဦး တင်ပြခဲ့ တာဖြစ်ပါတယ်။ အဲဒီမှာမှ ၈၈ ဦးက ၂၀၀ စာရင်းထဲမှာပါတယ်ဆိုတဲ့အကြောင်းနဲ့ ကျန်တဲ့ ၆၇ ဦးကတော့ မပါသေးဘူးဆိုတာကို ပြန်တင် ပြပေးလိုက်ပါတယ်"ဟု ၎င်းကပြောသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ ၈၈မျိုး ဆက်ကျောင်း သားဟောင်းများအဖွဲ့၊ ရှမ်းဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စသည့်အဖွဲ့၅ဖွဲ့ ပူးပေါင်းကာ လက်ကျန် နိုင်ငံရေးအကျဉ်းသား စာရင်း တင်ပြခဲ့ရာ သမ္မတရုံးမှ ပြန်ပေး ပို့လာသော အယောက်၂၀၀ ထဲတွင် ၈၈ ယောက်မှာ တူညီသည် ကို တွေ့ရှိရပြီး ပြန်တင်ပြပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထိုအစည်းအဝေးတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို တိတိကျကျ အတည် မပြုနိုင်သေးသော်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု နိုင်ငံရေး အကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဦးစိုးသိန်းကပြောခဲ့ကြောင်း ကော်မတီ ၀င် ဦးညိုထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
Ref: MMExpress

0 comments:

Post a Comment