ပြီးခဲ့တဲ့နှစ် မြန်မာခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး
ဘော့ဘ်ကားရ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ (Credit: ABC)
မြန်မာနိုင်ငံမှာ သမ္မတကြီးဦးသိန်းစိန်နဲ့ရော
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ပါ တွေ့ဆုံဆွေးနွှေးဖို့
ရှိတဲ့အပြင် ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးအခြေအနေ ယအကြောင်းတွေကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
သြစတြေးလျနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာနိုင်ငံရခိုင်ပြည်နယ်က
ပြီးခဲ့နှစ်ဇွန်လမှာ ဖြစ်ခဲ့ တဲ့ လူမျိုးရေးပဋိပက္ခကြောင့် လူပေါင်း
၁၉၂ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၄၀၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ် လို့
လွှတ်တော်မှာ ပြောပြပါတယ်။
သမ္မတကြီးဦးသိန်းစိန် သြစတြေးလျနိုင်ငံကို လာရောက်လည်ပတ်စဉ်က ဝန်ကြီးချုပ် Julia Gillard က လည်း
တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေတွေကို စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ ၾသစေၾတးလ်
နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ အိုးအိမ်မဲ့ ဖြစ်သွား သူတွေကို
ပြန်လည်နေရာချ ထားရေးအတွက် အထောက်အပံ့ သြစတြေးလျ ဒေါ်လာ ၅.၈သန်းကို
ကူညီပေးမယ်လို့လဲ ကြေငြာထားပါတယ်။
ထောက်ပံ့ကူညီမှုထဲမှာ
ကမ္ဘာ့စားနပ်ရိက္ခာ World Food Program အဖွဲ့ကနေ လူပေါင်းတသိန်း
အတွက် အစာရိက္ခာ၊ ကလေးများ ကယ်ဆယ်စောင့်ရှောက်ရေး Save the
Children အဖွဲ့ ကနေ တဆင့် ကလေးပေါင်း ၃သောင်း ၇ထောင် အတွက်
မိသားစုတွေ နဲ့ကွဲတဲ့ ကလေးတွေကို မိဘတွေ နဲ့
ပြန် လည်တွေ့ဆုံပေါင်းစည်းရေး အတွက် - ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဖြစ်တဲ့ UNHCR ကနေတဆင့် အိုးအိမ်မဲ့ဖြစ်သွားသူ
ယောက်ပေါင်း ၃သောင်း ၂ထောင်အတွက် ယာယီဖျဉ်တဲတွေ - CARE
လို့ခေါ်တဲ့ လူမှုရေးအသင်းအဖွဲ့ကနေ တဆင့် လူပေါင်း ၁သောင်း ၄ထောင် အ တွက် စော၊င် ခြင်ထောင်၊ အဝတ်အထည် နဲ့ယာယီ နေထိုင် ဖို့ စခန်း တွေ --
ကုလသမဂ္ဂ အဖွဲ့အစည်း UNICEF ကနေတဆင့် လူပေါင်း ၄သောင်းကျော် အတွက်
သောက်ရေသန့် နဲ့ကျမ်းမာရေးဆိုင်ရာ သန့်ရှင်း မှုအတွက်ဆောင်ရွက်ချက်တွေ ပြုလုပ်ခဲ့တယ်လို့ သြစတြေးလျ လွှတ်တော်မှာလဲ သြစတြေး လျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောသွားပါတယ်။ မြန်မာနိုင်ငံ ပဋိပက္ခ ဖြစ်နေ တဲ့ ဒေသတွေ မှာ ငြိမ်းချမ်းရေး
အကောင်အထည်ဖေါ်ဆောင် နိုင်ရေးအတွက် မြန်မာငြိမ်းချမ်းရေးစင်တာ Myanmar
Peace Centre ဆို တဲ့ ဗဟိုဌါန အတွက်လဲ သြစတြေးလျ နိုင်ငံ က ဒေါ်လာ
၅သန်း ပါဝင် ထားပါတယ်။
0 comments:
Post a Comment