25.6.13

နေပြည်တော် ကျောက်ပြပွဲ သိန်းနှစ်ထောင်တန် စိန်ဘယက် ပျောက်ဆုံး




   ဇွန်လ ၁၅ ရက်ကစပြီး ၂၇ ရက်နေ့ထိ နေပြည်တော်မှာကျင်းပနေတဲ့ အကြိမ် ၅၀ မြောက် နေပြည်တော် ရှိကျောက်မျက်ရတနာပြပွဲမှာ ပြပွဲအစနေ့ကတည်းက ပြသထားတဲ့ သိန်း၂ထောင်ကျော်တန် စိန်ဘယက်တ ကုံးပျောက်သွားသလို ကျောက်ကုန်သည်တွေဝယ်ပြီးသား ကျောက်တွဲတွေမှာလည်း အရေအတွက်လျော့ တာတွေ ချို့ယွင်းနေတာတွေရှိနေပါတယ်။ ဇွန်လ ၁၅ ရက်နေ့ဖွင့်ပွဲနေ့က စိန်စီထားတဲ့ သိန်း ၂ဝဝဝ တန် ဘယက်တကုံး ပျောက်နေတာကို အခမ်းအနားဖွင့်ပြီး တာနဲ့တွေ့ရှိခဲ့ရကြောင်း နေပြည်တော်ကျောက်မျက်ရ တနာပြပွဲမှာ ကိုယ်တိုင်တက်ရောက်တဲ့ မန္တလေးမဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်ဆောင် ဒုဥက္ကဌ ဦးဇော်ဇော်က ဘီဘီစီကိုပြောပါတယ်။ ဒီပွဲမှာတရုတ်ကော တခြားနိုင်ငံခြားသားကျောက်ကုန်သည်တွေ လာရောက်ကြပြီး အခမ်းအနားဖွင့်ကြောင်း ကြေငြာပြီးတာနဲ့ဧည့်သည်တွေဝင်ပါဆိုတော့ အဲဒီအချိန်မှာအ ထဲမှာဧည့်သည်တချို့ကြိုရောက်နတာကို တွေ့ရတယ်လို့သူကပြောပါတယ်။ အဲဒီဧည့်သည်တွေဟာပြည် တွင်းကလား ပြည်ပကလားဆိုတာကိုတော့မသိရဘဲ တရုတ်ကုန်သည်တွေထဲမှာ ပရော်ဖက်ရှင်နယ်ပီသတဲ့ ကုန်သည်တွေရှိသလို ကုန်သည်မပီသတဲ့ သူတွေလည်းလာတယ်လို့သူကဆိုပါတယ်။အဲဒီမှာပြပွဲကော်မတီ အနေနဲ့လူဝင်လူထွက်ကြီးကြပ်မှု တခုခုအားနည်းချက်ရှိနေတာကို သူတို့က အကြံပေးထားကြောင်းလည်း သူက ပြောပါတယ်။ ဒါဟာ လုံခြုံရေးကင်မရာတွေ အများအပြားရှိရာ ခန်းမထဲမှာပျောက်ဆုံး သွားတာဖြစ် တဲ့အတွက်ကြောင့် သူတို့အနေနဲ့ဆန်းဆန်းကြယ်ကြယ်ဖြစ်မိတယ်လို့ သူကဆိုပါတယ်။ သူ့သူငယ်ချင်း တစ်ယောက်ဆိုရင် လေလံရခဲ့ရာ၊ တစ်စကောင်းလေးပါပြီး အဲဒီကျောက်တစ်စကောင်းလေးကို သိန်းတရာ၊ သိန်းနှစ်ရာ ထားပေးဆွဲကြလေ့ရှိကြကာ တကယ်တမ်းလလံ ဆွဲပြီးသွားလို့အဲဒီကျောက်ကိုသွားကြည့်တော့ .ပျောက်ဆုံးနေတာကိုတွေ့ရကြောင်း သူကရှင်းပြခဲ့ပါတယ်။
   အဲဒီလိုကျောက်ပျောက်ဆုံးမှုကိုကြည့်ရင် လုံခြုံရေးအားနည်းနေတယ်လို့ သုံးသပ်နိုင်ကြောင်း သူ ကထောက်ပြခဲ့ပါတယ်။ ဒါ့အပြင်အခုလိုပျောက်ရှမှုတွေရှိတာဟာ ပြပွဲကော်မတီရဲ့အားနည်းချက်လည်းဖြစ် တယ်လို့သူကဆိုပါတယ်။ ထို့အပြင် အခုလိုကျောက်ပွဲတွေကို အရင်တုန်းကတစ်နှစ်ကို သုံးလေးကြိမ်ကျင်း ပလေ့ရှိရာက ၂ဝ၁၂ တုန်းကဆိုလုံခြုံရေးအကြောင်းပြပြီး မကျင်းပသလို နိုင်ငံတော်ကကုန်ကြမ်းထက်ကုန် အချောရောင်းချမှုကို အားပေးနေတာတွေ့ရပြီး တရုတ်ကုန်သည်တွေကို အားထားလာတာ သိသာနေတယ် လို့သူကပြောပါတယ်။ အဲဒီအတွက်ပြည်တွင်းကုန်သည်တွေက အားငယ်စိတ်ဝင်မိတယ်လို့ သူကရှင်းပြပါ တယ်။ ဒါ့အပြင်ကျောက်သမားတွေအခေါ် လော်တွဲတွေကို တရုတ်ကလာမရွေးရင် အရေးယူမှုအား နည်းပြီး မြန်မာကုန်သည်ကလာမရွေးရင်တော့ အဲဒီမြန်မာပိုင်ကုမ္ပဏီကို ဖျက်မယ်၊ Blacklist လုပ်မယ် ၊နောက်ပွဲကျောက်မရောင်းဘူးဆိုတဲ့ ထိန်းချုပ်မှုတွေနဲ့ ဖိအားပေးကြတဲ့အပေါ် မျှတမှုမရှိဘူးလို့မြင်ကြောင်း သူကထောက်ပြခဲ့ပါတယ်။ တရုတ်ကျောက်ကုန်သည်တွေဟာ ကတိကဝတ်နဲ့လုပ်တဲ့ကိစ္စတွေမှာ ဥပဒေကို မလေး စားတွေအများအပြားရှိတာ တွေ့ရတယ်လို့သူကပြောသွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment