25.6.13

ပုဂံညောင်ဦး လေဆိပ်တွင် ဂျပန်ခရီးသွားတစ်ဦး ကျောက်ဖြစ်ရုပ်ကြွင်းတချို့ သယ်ဆောင် လာသောကြောင့် တားဆီး



ဂျပန်ခရီးသွားတစ်ဦးထံမှ သိမ်းဆည်းရမိသည့် ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ရှေးဟောင်းပစ္စည်းအချို့

ပုဂံညောင်ဦး လေဆိပ်တွင် မန္တလေးသို့ ထွက်ခွာမည့် ပုဂ္ဂလိက လေယာဉ်တစ်စီးဖြင့် လိုက်ပါ မည့် ဂျပန်ခရီးသည်တစ်ဦးသည် ကျောက်ဖြစ်ရုပ်ကြွင်းဟု ယူဆရသည့် ပစ္စည်းတချို့ သယ်ဆောင်လာရာ လေဆိပ်တာဝန် ရှိသူများက တားဆီးစစ်ဆေးမှုတစ်ရပ် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုနေ့က အဲပုဂံလေကြောင်း၊ ခရီးစဉ် အမှတ် W9- 143 ဖြင့် နံနက် ၈ နာရီခွဲတွင် လိုက်ပါမည့် ဂျပန်လူမျိုး ခရီးသွားဧည့်သည် မစ္စတာတာ ကာရှီမားသည် ရှေးခေတ်သတ္တ၀ါ တစ်ကောင် ၏ ကျောက်ဖြစ်ရုပ်ကြွင်းဟု ယူဆရသည့် သွားပေါက်ရာ ငါးခုပါသော အရှည် ၇ လက်မ၊ ဗျက် ၃ လက်မခန့်ရှိ အောက်မေးရိုးတစ်ခု၊ အရှည် ၆ လက်မခွဲ၊ ဗျက် ၃ လက်မခွဲရှိ အံသွားတစ်ခု၊ အရှည် ၅ လက်မ ခွဲ၊ ဗျက် ၄ လက်မရှိ သွားများပါသော အံ တစ်ခု၊ အရှည် ၄ လက်မ၊ ဗျက် ၃ လက်မခန့်ရှိ အောက်မေးရိုးတစ်ခု၊ အင်ကြင်းကျောက် တစ်တုံးတို့နှင့်အတူ ဥာဏ်တော် ၉ လက်မခွဲ (ပလ္လင်ပါ) ရှိ သစ်သားဆင်းတုတော် တစ်ဆူနှင့် ယွန်းထည်များကို သယ်ဆောင် လာကြောင်း သိရသည်။

ဂျပန်ခရီးသွားသည် ယွန်းထည်များကို ဒေသခံ ယွန်းဆိုင်နှင့် ဟိုတယ်တစ်ခုတို့မှ ၀ယ်ယူ ခဲ့ကြောင်း ပြောဆိုသော်လည်း ကျောက်ဖြစ်ရုပ်ကြွင်းများကိုမူ ပုဂံမြို့ရှိ ထင်ရှားသော စေတီ တစ်ဆူအနီး လူငယ်တစ်ဦးထံမှ လက်ဆောင်ပစ္စည်းချင်း လဲလှယ်သည့် သဘောဖြင့် ရယူ ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။ မစ္စတာ တာကာရှီမားကို ထိုနေ့က မန္တလေးသို့ လိုက်ပါ မည့် လေယာဉ်ခရီးစဉ်အား လိုအပ်ချက်အရ တားမြစ်ထားလိုက်ပြီး ၎င်းသယ်ဆောင်လာ သည့် ကျောက်ဖြစ်ရုပ်ကြွင်း၊ အင်ကြင်းကျောက်၊ သစ်သား ဆင်းတုတော်တစ်ဆူ၊ ပုတ်သင်ညို သဏ္ဌာန် သစ်သားပန်းပုနှင့် ယွန်းထည်ပစ္စည်းများကို ကျွမ်းကျင်သူများနှင့် စစ်ဆေးနိုင်ရေးလုပ် ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်နိုင်ရန်အတွက် လေဆိပ်တာဝန်ရှိ ရဲတပ်ဖွဲ့မှ ညောင်ဦး ရဲစခန်းသို့ လွှဲပြောင်းထားကြောင်း သတင်းရရှိပါသည်။ ထို့နောက် ညောင်ဦး ရဲစခန်းမှ လိုအပ် သည်များ စစ်ဆေးမှုပြုလုပ်ပြီးနောက် တရားဝင်သယ်ဆောင်မှု မရှိသော ရှေးဟောင်းယဉ်ကျေး မှုနှင့် အမွေအနှစ် ပစ္စည်းများ ပြည်ပသို့ သယ်ဆောင်ရန် ဆောင်ရွက်ခဲ့ပြီး အသက် ၃၁ နှစ် အရွယ် ဂျပန်နိုင်ငံသား မစ္စတာတာ ကာရှီးမားအား ညောင်ဦးရဲစခန်း (ပ)/၇၄/ ၂၀၁၃ ၁၉၅၇ ခုနှစ် ရှေးဟောင်းဝတ္ထု ပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၇(၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ အဆိုပါ ဂျပန်နိုင်ငံသားသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် ၀င်ခွင့်ဗီဇာ ရရှိထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment