25.7.13

စာချုပ်ဖျက်သိမ်းခံ ဘူလ် ဂေးရီးယား ကစားသမား ၏ စွပ်စွဲပြော ဆိုမှုမှာ မမှန်ဟု မကွေး ငြင်းဆို

စာချုပ်ဖျက်သိမ်းခဲ့သည့် ဘူလ် ဂေးရီးယား ကစားသမား အိုင်ဗန်၏ အဆောင်နှင့် ပတ်သက်သည့် ပြောဆို မှုများမှာ မှန်ကန်မှုမရှိကြောင်း မကွေး FC ဘောလုံးအသင်းက ငြင်းဆိုသည်။

မကွေးFC အသင်းမှ ယခုနှစ် MNL ဘောလုံးရာသီတွင် ခေါ်ယူခဲ့ သည်။ ဘူလ်ဂေးရီးယား ကစားသမား အိုင်ဗန်သည် ကလပ်အသင်း ၌ နေထိုင် နေစဉ်အတွင်း အသည်းရောင်ရောဂါ ရရှိခဲ့ပြီးနောက် မကွေးအသင်း၏ကစား သမားနေထိုင်သည့် အဆောင်အား


ပြည်ပကစားသမားများသာမက ပြည် တွင်းကစားသမားများပါ နေထိုင်ရန် မသင့်တော်ဟု မီဒီယာအချို့ကို ပြောဆို မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မကွေး အသင်းသည် သတင်းစာရှင်း လင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ပြီး နည်းပြချုပ် ဦးကြည် လွင်က ပြောဆိုထားမှုများ မှာ မှန်ကန် ခြင်းမရှိကြောင်း၊ အဆောင်ကိုအမြဲတမ်း သန့်ရှင်းရေး လုပ်ကြောင်း မည်သည့်အချိန် မဆို လေ့လာနိုင်ကြောင်း ပြောသည်။

''အိုင်ဗန်အပါအဝင် နိုင်ငံခြား ကစားသမား ၁၉ ဦးအထိ အဆောင် မှာ နေဖူးပါတယ်။ အခြားသူတွေ နေတာ ဘာသံမှ မထွက်ဘူး။ သူ့ကျမှ ဒီလို ပြောလာတာပါ။ သူ့ဆေးမှတ်တမ်းပါတဲ့ အချက်ကို လက်မခံနိုင်ပါဘူး'' ဟု ၄င်းက ဆက်ပြောသည်။

ယင်းအပြင် နိုင်ငံခြားကစားသမား များကို ပြည်တွင်းကစား သမားများကဲ့သို့ နှစ်ယောက်လျှင် တစ်ခန်းထားရှိခြင်း မဟုတ်ဘဲ တစ်ခန်း လျှင် တစ်ဦးသာ နေထိုင်စေကြောင်း အစားအသောက် နှင့် ပတ်သက် ၍ နိုင်ငံခြားကစားသမား များက အဆောင်တွင် မစားနိုင်ဟု ဆို ခြင်းကြောင့် တစ်နေ့လျှင် ထမင်းဖိုး ငွေကျပ်တစ်သောင်းအထိ ပေးကြောင်း မကွေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ရောဂါအနည်းငယ် သည်းလာ လို့ အောင်ရတနာဆေးရုံကို ပို့ခဲ့ တယ်။ ဆေးတွေကို မမှီဝဲဘဲ ရောဂါကြီးအောင် သူပဲလုပ်တာပါ'' ဟု ဦးကြည် လွင်က ဆက်ပြောသည်။ မကွေး FC အသင်း သည် MNL ပြိုင်ပွဲကို ၂ဝဝ၉ ခုနှစ်မှ စ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံခြား ကစားသမား ၁၉ ဦး အထိ ခေါ်ယူထား ဖူးခဲ့သည်။

ရန်နိုင်၊PN - 052
Popular Myanmar News Journal

0 comments:

Post a Comment