25.7.13

"လက်ပံတောင်းတောင် စီမံကိန်း ကိစ္စ မီဒီယာ များနှင့်တွေ့ဆုံပွဲ ပြုလုပ် "

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းနှင့်ပတ်သတ်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ အပေါ် အကောင်အထည်ဖေါ်ဆောင်
ရွက်သည့် ကော်မတီနှင့် စာနယ်ဇင်းတွေ့ ဆုံပွဲကို ယနေ့ မွန်းလွဲ ၁း၄၀ နာရီ
က နေပြည်တော် ရှိ သတ္တု တွင်း ၀န်ကြီးဌာန တွင် ပြုလုပ်ခဲ့သည်။



အကောင်အတည်ဖေါ်ဆောင်ရေး ကော်တီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦး
လှထွန်းက စတင်ပြီး လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သတ်ပြီး
ရှင်းလင်းပြောကြားပြီး သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်အောင်က စာချုပ်သစ်ချုပ်ဆိုခြင်းကို ရှင်းလင်းပြော
ကြားခဲ့ပါသည်။

ထို့ပြင် ကော်မတီ အဖွဲ့ ခွဲ ၄ ခုက
သိမ်းဆည်းလယ်ယာမြေများစိစစ်ရေး၊သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊
လူမှုရေး ဆိုင်ရာ အကောင်အထည်ဖေါ် ဆောင်ရွက်ရေး နှင့် သာသနိက
အဆောင်အဦးများ ရွှေ့ ပြောင်းခြင်းနှင့် ပြန်လည်တည်ဆောက်
ခြင်း တို့ ကို ရှင်းလင်း ခဲ့ကြသည်။

ယင်း အခမ်းအနားကို သမ္မတ ရုံး ၀န်ကြီးဌာနပြည်ထောင်စု
ဝန်ကြီးဦးလှထွန်း၊သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်အောင်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦး ၀င်းထွန်း
၊မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ် မှ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး
နှင့် ၀မ်ပေါင် ကုမ္မဏီ တို့ မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး
သတင်းမီးဒီယာများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။

စိုင်းနောင်
Popular Myanmar News Journal

0 comments:

Post a Comment