25.7.13

" မေးရဲ မေးကြည့်"

တရားခွင်တခုမှာဖြစ်ပါတယ်။
နှစ်ဘက်ရှေ့နေများက သက်သေအဒေါ်ကြီး တယောက်ကို အပြန်အလှန် မေးခွန်းများ မေးနေကြတယ်။

တရားလိုရှေ့နေဦးမောင်မောင်က စ, မေးတယ်… …

“အန်တီကြီးခင်ဗျား၊ တဘက်က တရားပြိုင်ရဲ့ရှေ့နေကြီး ဦးကျော်ကျော်ကို သိပါသလား”



“သိတာပေါ့၊ ဒီ ကျော်ကျော် ဆိုတဲ့ကောင်ကို သူ ငယ်ငယ်လေးထဲက သိတာ၊
သောက်ပျင်းလေးပါ၊ ငယ်ငယ်က ကျောင်းပြေးတယ်၊ အိမ်စာမလုပ်ဘူး၊ ရပ်ကွက်ထဲရန်ဖြစ်တယ်၊ လိမ်ပြောတယ်၊ လူကြီးတွေ ဆိုဆုံးမလို့လဲ နားမထောင်ဘူး၊ လူဆိုးမှ တကယ်လူဆိုး”


ဒီတခါတော့ တရားပြိုင်ရဲ့ရှေ့နေ ဦးကျော်ကျော် မေးရမယ့်အလှည့်… …
ဦးကျော်ကျော်က မေးတယ်… …

“အန်တီကြီးခင်ဗျား၊ တဘက်က တရားလိုရဲ့ရှေ့နေကြီး ဦးမောင်မောင်ကိုရော သိပါသလား”

“အင်း…သိတယ်၊ ဒီ မောင်မောင် ဆိုတဲ့ကောင်ကိုလည်း ငယ်ငယ်လေးထဲက သိတာ၊ သူလည်း ဘာထူးလို့လဲ၊ လူဆိုးလူမိုက်လေး၊ အရက်က သောက်သေးတယ်၊ သူများပစ္စည်းငှားပြီး ပြန်မပေးဘူး၊ ပေါင်းမယ့်သင်းမယ့်လူလည်း မရှိ၊ မိန်းကလေးတွေကို လိုက်နှောက်ယှက်လို့ ရုံးရောက်ဂတ်ရောက် ခဏခဏပဲ”

အဲဒီအချိန်မှာပဲ တရားသူကြီးက ခုံကို တူနဲ့ထုရင်း အခုလို လှမ်းအော်ပြောလိုက်ပါတော့တယ်… ….

“နှစ်ဘက်ရှေ့နေတွေ နားထောင်၊ ‘တရားသူကြီးကို သိသလားလို့’ ဒီအဒေါ်ကြီးကို ..မေးရဲ မေးကြည့်၊ ငါးမိနစ်အတွင်း ထောင်ချပစ်မယ်…ဒါပဲ”….တဲ့။

သန်၎ကို

ဟာသဗိမာန်-ဆရာသန်

0 comments:

Post a Comment