6.10.13

ပျောက်ဆုံးနေသော အမျိုးသမီးတစ်ဦး လမ်းဘေး ကွန်ကရစ် ရေမြောင်းအောက် သေဆုံး

ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်း ရဲရန်အောင် မှတ်တိုင် အနီး

သာယာအေး လမ်းထိပ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က လမ်းဘေး ကွန်ကရစ် ရေမြောင်း ထဲတွင် အမည်မသိ အမျိုးသမီးတစ်ဦး သေဆုံး နေကြောင်း သိရသည်။



အဆိုပါ အမှုနှင့် ပတ်သက်၍ စုံစမ်း သိရှိရသည်မှာ သေဆုံးသူ မနီနီယဉ် (ခ) မနီအသက် ၄၄ နှစ် (ဘ) ဦးမင်းဆွေ သာယာအေးလမ်းသွယ် (၁) အမှတ် (၃၈ဝ၆) အမှတ် (၃) ရပ်ကွက် မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် ၂ ရက်ခန့်က အိမ်မှ ပျောက်ဆုံးနေသူ ဖြစ်ကာ ဝက်ရူးပြန် ရောဂါရှိပြီး စိတ်ဖောက်ပြန် နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေး၍ (ပ) ၁၅/၂ဝ၁၃ သေမှုသေခင်း ဖွင့်လှစ် ဆောင်ရွက်၍ စုံစမ်းစစ် ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment