California Life Co. သို့မဟုတ် Calico ကုမ္ပဏီသည် အသက်အရွယ် ကြီးရင့် လာခြင်းနှင့် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ
ဆောင်ရွက်နေသည့် ကျန်းမာရေး ကုမ္ပဏီဖြစ်ကာ Google သည် ၄င်းကုမဏီတွင် အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုထားသူ ဖြစ်သည်။
ကြီးမားသော အလောင်းအစားများ ပြုလုပ်ခြင်းမှ တော်လှန် တိုးတက်မှုများ ထွက်ပေါ်လာနိုင်ကြောင်း ဥပမာ မောင်းသူမဲ့ကားများ ၊ အင်တာနက်နှင့် ဆက်သွယ်ထားသည့် ၀တ်ဆင်နိုင်သော ကိရိယာငယ်များ ၊ ဝေးလံခေါင်သီ အရပ်ဒေသများသို့တိုင် အင်တာနက် ဖြန့်ဖြူးပေးနိုင်သည့် မိုးပျံ ပူဖေါင်းများ ကဲ့သို့ တီထွင် ဆန်းသစ်မှုများ ဖြစ်ပေါ်လာမည်ဟု Google Inc. က ပြောကြားခဲ့သည်။ ယခုတစ်ကြိမ်တွင်မှာတော့ Google သည် လူတိုင်း သက်ရှည် ကျန်းမာနိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေမည် ဖြစ်ကြောင်း သိရသည်။ သို့သော် မည်သည့် တီထွင် ဖန်တီးမှုများ ပြုလုပ်မည်ဆိုသည်ကိုမူ အသေးစိတ် ဖော်ပြသွားခြင်း မရှိချေ။
http://www.latimes.com/
MRTV-4
0 comments:
Post a Comment