6.10.13

မုံရွာမြို့တွင် ရဲအရာရှိ မောင်းနှင်လာသည့်ကား ဘီးပေါက်၍ သစ်ပင်ဝင်တိုက်မိရာမှ မောင်းနှင်လာသူသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၊ နတ်လူထိပ်ပန် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအနီးတွင် အောက်တိုဘာ ၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က ရဲအရာရှိတစ်ဦးမောင်းနှင်းလာသည့်ကားသည် ဘီးပေါက်၍ သစ်ပင်ဝင်တိုက်မိရာမှ ယာဉ်မောင်းနှင်သူ သေဆုံးခဲ့ရပြီ ယာဉ်ပေါ်ပါ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်၌ ယာဉ်မောင်းဖြစ်သူ ရဲအရာရှိဆိုသူမှာ ကိုယ်ပိုင်အမှတ် လ/၂၁၃၀၈၄ ဒုရဲအုပ် လင်းထက်ဦး ဆိုသူဖြစ် ကြောင်း

သိရသည်။ ထိုသူသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ ခရီးစဉ်များ၌ ယာဉ်တန်းလုံခြုံ ရေး(နောက်) တာဝန်များထမ်းဆောင်နေသူ တစ်ဦးဖြစ်ကြောင်းလည်း စုံစမ်းသိရှိသည်။

လုံခြုံရေးတာဝန်ထမ်းဆောင်ရသူများ၏ တာဝန်ဝတ္တရားများ အခါအားလျော်စွာ ခွဲဝေအပ်သည့် လုပ်ငန်းသဘောများအရ သေဆုံးသူ ရဲအရာရှိ လင်းထက်ဦး ဆိုသူသည် စစ်ကိုင်းတိုင်ဒေသကြီး လွှတ်တော် ဥက္ကဌ၏ ယာဉ်မောင်းတာဝန်ထမ်းဆောင် နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုသူသည် ရုံးနားရက်ဟု သတ်မှတ်နိုင်သော ၅.၁၀. ၂၀၁၃၊ စနေနေ့တွင် မိသားစုနှင့်အတူ မဟာဗောဓိတစ်ထောင်သို့ ဘု ရားဖူးသွားရောက်မှ အိမ်အပြန်လမ်းခရီးတွင် ၎င်း မောင်းနှင်းလာသည့် တိုရိုတာ ဗင် အမျိုးအစား ယာဉ်အမှတ် ၉က/ …. သည် ယာဘက်နောက်ဘီးပေါက်ပြီး ယာဘက်ယာဉ်ကြောရှိ လမ်းဘေးသစ်ပင်အား ၀င်ရောက်တိုက်မိရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ယာဉ်ပေါ်၌ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ငုဝါလင်း၊ သမီးဖြစ်သူ မစုရည်လင်း၊ သားဖြစ်သူ မောင်စွမ်းရည်ထက်လင်း နှင့် အခြားဧညှ်ုသည် ဦးလင်းအောင် ဆိုသူနှင့် ဦးညီညီလွင် ဆိုသူ နှစ်ဦးတို့လည်းပါဝင်ခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းဖြစ်သူ ဒုရဲအုပ် လင်းထက်ဦး ဆိုသူမှာ ယာဉ်တိုက်မှုဖြစ်ပွား ချိန်ခန့်က ရရှိဒဏ်များဖြင့် မုံရွာပြည်သူ့ဆေးရုံးကြီး ပေါ်တွင် ဆေးဝါး ကုသမှုခံယူနေစဉ် ညနေ ၄ နာရီ ၂၅ မိနစ်အချိန့်က သေ ဆုံးသွားခဲ့ခြင်းဖြစ် သည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့မ ရဲစခန်းမှ ယာဉ်(ပ) ၁၄၁/ ၂၀၁၃ ပုဒ်မ ၃၀၄(က)/ ၃၃၇/ ၃၃၈ အရ အမှုရေးဖွင့်ထားကြောင်းသိရသည်။

ကိုတိုး ချင်းတွင်;

0 comments:

Post a Comment