6.10.13

ဝိတ်လျှော့ရန် တိုက်တွန်းမှုများကို ဂျနီဖာလောရင့်စ် စိတ်ပျက်နေ

အသက်(၂၃)နှစ်ရှိ ဂျနီဖာက သူမအနေဖြင့် ဝလွန်းနေပြီး ကိုယ်အလေးချိန် လျှော့ချသင့်ကြောင်း တိုက်တွန်းမှုများ ကြုံခဲ့ရသလို ယခုထက် ပိန်သွယ်မလာပါက ရုပ်ရှင်လောကတွင် ပျောက်ကွယ် သွားသည်အထိ ဆိုးကျိုး သက်ရောက်နိုင်ကြောင်း ခြိမ်းခြောက်စကား များကိုပါ ကြားခဲ့ရ


ဝိတ်လျှော့ရန် တိုက်တွန်းမှုများကို ဂျနီဖာလောရင့်စ် စိတ်ပျက်နေ
သူမအနေဖြင့် ကိုယ်အလေးချိန် များနေပြီး ဝိတ်လျှော့သင့်ကြောင်း တိုက်တွန်းမှုများနှင့် ကြုံနေရကြောင်း ဂျနီဖာ လောရင့်စ်က ဖွင့်ဟ ပြောကြားလိုက်သည်။ Silver Linings Playbook ဇာတ်ကားဖြင့် အကယ်ဒမီဆုကို ငယ်ငယ်ရွယ်ရွယ်ဖြင့် ရရှိထားသည့် ဟောလီးဝုဒ် မင်းသမီးသည် ဆွဲဆောင်မှု အရှိဆုံး မိန်းကလေး တစ်ဦးအဖြစ် သတ်မှတ်ချီးကျူးခြင်း ခံနေရသည်။ သို့သော်လည်း အသက်(၂၃)နှစ်ရှိ ဂျနီဖာက သူမအနေဖြင့် ဝလွန်းနေပြီး ကိုယ်အလေးချိန် လျှော့ချသင့်ကြောင်း တိုက်တွန်းမှုများ ကြုံခဲ့ရသလို ယခုထက် ပိန်သွယ်မလာပါက ရုပ်ရှင်လောကတွင် ပျောက်ကွယ်သွားသည်အထိ ဆိုးကျိုး သက်ရောက်နိုင်ကြောင်း ခြိမ်းခြောက်စကားများကိုပါ ကြားခဲ့ရကြောင်း ပြောဆိုခဲ့သည်။

Harper's Bazaar မဂ္ဂဇင်း၏ နိုဝင်ဘာလထုတ် မျက်နှာဖုံးရှင် ဖြစ်ခဲ့သည့် ဂျနီဖာက "မင်းသမီးတွေ ဖြတ်သန်းနေရတဲ့ ဘဝမှာ အဲဒီလို စုတ်စုတ်ပဲ့ပဲ့ အပြောအဆိုတွေလည်း ရှိပါတယ်။ တစ်ယောက်က ကျွန်မကို တော်တော်ဝနေတယ်။ ဒီအတိုင်း ဆက်သွားနေလို့ကတော့ ရုပ်ရှင်လောကထဲက ကန်ထုတ်ခံရလိမ့်မယ်လို့ကို ပြောခဲ့တာပါ"ဟု ဖွင့်ဟခဲ့သည်။ သူမက "တချို့က ကျွန်မရဲ့ ကိုယ်လုံးပေါ် ဓာတ်ပုံတွေ ယူလာပြီး ပြတယ်။ ဒီပုံတွေကိုကြည့်ပြီး ဝိတ်လျှော့ဖို့ ကိုယ့်စိတ်ကိုယ် လှုံ့ဆော်ပါလို့လည်း အကြံပေးကြတယ်။ သူတို့တွေ တစ်ပုံစံတည်း တွေးနေတာက ကျွန်မသာ ဝိတ်မလျှော့ရင် ကျွန်မရဲ့ မင်းသမီးဘဝ ရေစုန်မျောတော့မယ် ဆိုတာပါပဲ။ ကျွန်မအတွက်ကတော့ ဒီအပြောအဆိုတွေမှာ ဘာမှခံစားမနေဘူး"ဟုလည်း ဆိုသည်။

The Hunger Games: Catching Fire ဇာတ်ဆောင် ဂျနီဖာက "တစ်ခါတစ်လေ ကျတော့လည်း တစ်ယောက်ယောက်က ဝိတ်လျှော့ပါလို့ တိုးတိုးလေး လာပြောတိုင်း ကျွန်မစိတ်ထဲမှာ ကိုယ့်ဒုက္ခ ကိုယ်ရှာလိုက်စမ်းပါလို့ ချောက်တွန်းသလို ထင်မိတယ်။ ဟောလီးဝုဒ်မှာတော့ ဒါတွေက ဖြစ်နေကျပါပဲ။ ကျွန်မရဲ့ သရုပ်ဆောင် အရည်အသွေးကသာ ကျွန်မရဲ့စိတ်ကို လှုံ့ဆော် အားပေးနိုင်တာပါ။ လူတွေကတော့ ကျွန်မရဲ့ ကိုယ်အလေးချိန်ကိုပဲ အကဲဖြတ်ချင်ကြတယ်လေ"ဟု မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

0 comments:

Post a Comment