၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်သည် “Homo Homini” ဟု ခေါ်သော လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ချီးမြှင့်သောဆုကို ချက်ရီပတ်ဗလစ်နိုင်ငံ ပရက်မြို့တွင် ကြာသာပတေးနေ့က သွားရောက်ယူခဲ့သည်။
ထိုဆုကို ကွယ်လွန်သွားပြီဖြစ်သော ချက်သမ္မတဟောင်း Václav Havel က ၂၀၀၀ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် မင်းကိုနိုင်သည် အကျဉ်းထောင်ထဲတွင် ရှိနေစဉ် ကာလဖြစ်သည်။
အဆိုပါ “Homo Homini” ဆုကို မြန်မာနိုင်ငံက ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သော NLD မှ ဒေါ်စုစုနွေး၊ ဒေါ်ဖြူဖြူသင်းနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင်
ထိုဆုပေးပွဲအခမ်းအနားကို ချက်ရီပတ်ဗလစ်နိုင်ငံ၏ မြို့တော် ပရက်တွင် အောက်တိုဘာလ ၃ ရက်က ကျင်းပခဲ့သည်။
ထိုဆုကို ၁၉၉၄ ခုနှစ်မှစတင်ကာ ကမ္ဘာအရပ်ရပ်ရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတွင် ခေါင်းဆောင်သူများကို နှစ်စဉ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment