6.10.13

အဖျောက်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် Dhamma School

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့အမှတ် ၂ ရပ်ကွက်၊ ဆေးရုံလမ်းမကြီး ရှိ မဟာဒွါရဘုန်းတော်ကြီးကျောင်းတိုက်မှ အဖျောက်နယ်မြေလုံးဆိုင်ရာမြတ်ဗုဒ္ဓရဲ့ ယဉ်ကျေးလိမ္မာဓမ္မသင် တန်းကျောင်း Dhamma School ဓမ္မ စကူးလ် ကို အောက်တိုဘာလ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ Dhamma School ဓမ္မ
စကူးလ်သင်တန်းကျောင်းအတွက် ကျောင်းအပ်လက်ခံမှုကိုတော့ အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျောင်းအပ်လက်ခံခဲ့ပြီးဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီကျောင်းကိုတော့ တက်ရောက်လိုတဲ့သင်တန်းသား၊ သင်တန်းသူတွေကတော့ အသက် ၈ နှစ်မှ ၁၄ အထိ မည်သူမဆို တက်ရောက်နိုင်ပြီး ယခုလက်ရှိမှာတော့ သင်တန်းသား ဦးရေအနေနဲ့ကတော့ တစ်ထောင့်ခုနစ်ဆယ့်ငါးဦး တက်ရောက်သင်ယူနေတယ်လို့သိရပါတယ်။ သင်တန်းကာလအနေနဲ့တော့ ဓမ္မကျောင်းတော်မှာ ၀ါတွင်းကာလအတွင်း ဥပုသ်နေ့တိုင်းနဲ့ ၀ါပကာလမှာ တနင်္ဂနွေနေ့တိုင်း ဓမ္မစာပေများကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ အခုလို အပတ်စဉ်သင်ကြားပို့ချတဲ့နေ့တွေမှာလည်း အာဟာရကျွေးမွေးရေးအစီအစဉ်များလည်း ပါဝင်မှာဖြစ်ပြီး ဦးအောင်ခိုင်ဖောင်ဒေးရှင်းမှ စာအုပ်၊ စာရွက်စာတမ်း၊ဘောလ်ပင်မှအစ လိုအပ်သမျှ အားလုံးကိုလည်း ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။ အခုလို Dhamma School ဓမ္မ စကူးလ်သင်တန်းကျောင်းဖွင့်လှစ်မှုဟာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားစေဖို့နဲ့ဗုဒ်္ဓရဲ့ အဆုံးအမများနဲ့ အခြေခံတရားဓမ္မတို့ကို ငယ်ရွယ်စဉ် ကတည်းကသိရှိနားလည်းကျင်းသုံးနေထိုင်တတ်ဖို့ ဖွင့်လှစ်သင်ကြားပေးတာဖြစ်တယ်လို့ သိရပါ တယ်။

MRTV-4

0 comments:

Post a Comment