10.10.13

အာလူးစိမ်းကိုသတိရှိပါ။

ဒါကတော့အားလူးတွေမှာရံဖန်ရံခါတွေ့ ရတတ်တဲ့
အစိမ်းရောင်သန်းနေတဲ့ အပိုင်းတွေကိုဆိုလိုတာပဲဖြစ်ပါတယ်။
ဘာလို့ လဲဆိုတော့ဒီအစိမ်းရောင်ဖြစ်နေရတာလဲဆိုတာကတော့ 
နေမှရတဲ့အစိမ်းရောင်ဓါတ်ပေးတဲ့ကလိုရိုဖီးလ်ကြောင့်
ပဲဖြစ်ပါတယ်။ကိုလိုရိုဖီးလ်ကတော့ လူတွေကိုဒုက္ခ
မပေးပေမယ့်ကိုလိုရိုဖီးလ်ကြောင့်စိမ်းနေတဲ့အပိုင်းမှာပါတဲ့ Solanineကတော့လူတွေကိုဘေးဖြစ်စေပါတယ်။

ဒါကြောင့်ဒီစိမ်းနေတဲ့နေရာတွေမှာ ကျွန်ုပ်တို့ ကျန်းမာရေးကိုဒုက္ခပေးမယ့်Solanine
 ပါဝင်တာကြောင့် အကယ်၍သာအာလူးတွေမှာအစိမ်းရောင်အပိုင်းလေးတွေ
ပါရင်ဖြတ်ထုတ်လိုက်သင့်ပါတယ်။ဒီSolanine ပါဝင်တဲ့အာလူးစိမ်းကိုမဖြတ်
ထုတ်ပဲစားမိမယ်ဆိုရင်တော့ကိုယ်လက်မအီမသာဖြစ်ပြီးပျို့ အန်ခြင်း၊ခေါင်းကိုက်ခြင်း၊၀မ်းလျောခြင်း
စတဲ့လက္ခဏာတွေအပြင် အစာချေစနစ်ကိုထိခိုင်စေနိုင်မှာဖြစ်ပါတယ်။

Nebraska-Lincon တက္ကသိုလ်မှပညာရှင် Alexander Pavlista ရဲ့ပြောကြားချက်အရ ပေါင် 100အလေးချိန်ရှိလူတစ်ဦးသာ16အောင်စအလေးချိန်ရှိ အာလူးစိမ်းတွေကိုစားလိုက်မယ်ဆိုရင်
ချက်ချင်းလဲကျပြီး ဖျားနာစေနိုင်ပါတယ်လို့ ပြောကြားထားပါတယ်။

ဒါ့ကြောင့်ဒီအာလူးစိမ်းတွေကို Super Market တွေ၊ဈေးတွေကိုပို့ မယ်ဆိုရင် အေးပြီးမှောင်သော
အခန်းတွင်းမှာသိုလှောင်စေပြီးဒီအာလူးစိမ်းတွေမှာပါတဲ့Solanineတွကိုဖယ်ရှားပစ်နိုင်ပါတယ်။
ဒါ့မှမဟုတ်အိမ်မှာစားဖို့ ချက်ပြုတ်တော့မှတွေ့ တယ်ဆိုရင်တော့စိမ်းနေတဲ့
နေရာလေးကိုလှီးထုတ်ပြီးမိမိလိုသလိုအန္တရာယ်ကင်းကင်းစားသုံးနိုင်ပါတယ်။

ZK(ကနောင်)
Scientist Myanmar

0 comments:

Post a Comment