10.10.13

iPhone အသစ်များကို နောက်ထပ် ကမ္ဘာ့ဈေးကွက် ၅၁ ခုတွင် စတင်ရောင်းချမည်

iPhone 5S နှင့် 5C ကို အောက်တိုဘာ ၂၅ ရက်တွင် နောက်ထပ် ၃၅ နိုင်ငံတွင်

လည်းကောင်း၊ နိုဝင်ဘာ ၁ ရက်တွင် နောက်ထပ် ၁၆ နိုင်ငံတွင်လည်းကောင်း တရားဝင် စတင်ရောင်းချမည်

iPhone အသစ်များကို နောက်ထပ် ကမ္ဘာ့ဈေးကွက် ၅၁ ခုတွင် စတင်ရောင်းချမည်iPhone အမျိုးအစားသစ်နှစ်မျိုးကို ရုရှား၊ စပိန်နှင့် အီတလီအပါအဝင် နောက်ထပ် နိုင်ငံပေါင်း ၅၀ ကျော်တွင် တရားဝင် ရောင်းချသွားမည်ဟု Apple က ပြောကြားသည်။ iPhone 5S နှင့် 5C ကို အောက်တိုဘာ ၂၅ ရက်တွင် နောက်ထပ် ၃၅ နိုင်ငံတွင် လည်းကောင်း၊ နိုဝင်ဘာ ၁ ရက်တွင် နောက်ထပ် ၁၆ နိုင်ငံတွင် လည်းကောင်း တရားဝင် စတင်ရောင်းချမည်ဖြစ်သည်။ Apple သည် အသစ်ထုတ်လုပ်လိုက်သည့် iPhone နှစ်မျိုးကို ပြီးခဲ့သည့် လအတွင်းက အမေရိကန်၊ တရုတ်စသည့် ၎င်း၏ဈေးကွက် ပိုမိုခိုင်မာသော နိုင်ငံများတွင် စတင်ရောင်းချခဲ့ရာ ပထမဆုံး ၃ ရက်တွင် အလုံးရေ ၉ သန်း ရောင် ထွက်ခဲ့ပြီး iPhone သမိုင်းတွင် စတင်ရောင်းချစဉ် အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

iPhone အမျိုးအစားသစ် နှစ်မျိုးကို အောက်တိုဘာ ၂၅ ရက်တွင် သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေရီးယား၊ ခရိုအေးရှား၊ ချက်ရီပတ်ဘလစ်၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ပြင်သစ် လက်အောက်ခံ West Indies၊ ဂရိ၊ ဟန်ဟေရီ၊ အိုင်ယာလန်၊ အီတလီ၊ လက်ဗီယား၊ လီချက်စတိန်း၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်ဂ်၊ မကာအို၊ မော်လ်တာ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ် တူဂီ၊ ပြင်သစ်လက်အောက်ရှိ Reunion ကျွန်း၊ ရိုမေးနီးယား၊ ရုရှား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ တောင်ကိုရီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့တွင် တရားဝင် စတင်ရောင်းချမည်ဖြစ်သည်။

နိုဝင်ဘာ ၁ ရက်တွင် အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ ဘာရိန်း၊ ကိုလံဘီယာ၊ အယ်လ်ဆာဗေဒို၊ ဂူအမ်၊ ဂွာတီမာလာ၊ အိန္ဒိယ၊ မက် ဆီဒိုးနီးယား၊ မလေးရှား၊ မက္ကစီကို၊ မော်လ်ဒိုဗာ၊ မွန်တီနီဂရိုး၊ ဆော် ဒီအာရေဗီးယား၊ တူရကီနှင့် ယူအေအီးနိုင်ငံတို့၌ တရားဝင် စတင်ရောင်း ချမည်ဟု Apple က သတင်းထုတ်ပြန်သည်။ Apple ၏ iPhone အ သစ်နှစ်မျိုးကို အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ ဂျပန်၊ ပူရီတိုရီကိုနှင့် စင်္ကာပူနိုင်ငံတို့တွင် ပြီးခဲ့သည့် လအတွင်း တရားဝင် စတင်ရောင်းချခဲ့သည်။ iPhone အမျိုးအစား သစ် နှစ်မျိုးနှင့်အတူ Operating system အသစ် iOS 7 ကိုလည်း Apple က မိတ်ဆက်ခဲ့ပြီး စက်တင်ဘာလအတွင်း ၎င်း၏ထုတ်ကုန် စမတ်ဖုန်းနှင့် Tablet အလုံးရေ သန်း ၂၀၀ ကျော်တွင် iOS 7 ကို အသုံးပြုနေပြီဟု Apple ကဆိုသည်။

Planet Myanmar Network

0 comments:

Post a Comment