10.10.13

ယာဉ်မရပ်ရနေရာများတွင် ရပ်ထားသောယာဉ်များကိုဖမ်းဆီးခြင်းမရှိသေး

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရသတ်မှတ်
ထားသော နေရာများတွင် ရပ်တန့်ထားသော ယာဉ်များအား
ထုတ်ပြန်ချက်အတိုင်း ဖမ်းဆီးအရေးယူမှု မစတင်သေးကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ပြောကြားသည်။

ရန်ကုန်မြိ့တွင်း ယာဉ်မရပ်ရ နေရာ၂၆ နေရာကို စက်တင်ဘာ၁၀ ရက်က ထုတ်ပြန်ထားသော်

လည်းယင်းနေရာများတွင် ရပ်နားထားသော ယာဉ်များကို ဖမ်းဆီးခြင်းမရှိသေးကြောင်းသိရသည်။

“ထုတ်ပြန်ချက်ကို သီးသန့်ကြီး ဖမ်းဆီးတာ မရှိသေးဘူး ပုံမှန်လမ်းကြောင်း ရှင်းတာပဲရှိတယ်။

 အရင်ထဲက ယာဉ်မရပ်ရနေရာမှာရပ်တဲ့ ယာဉ်တွေကို ဖမ်းဆီး တာရှိခဲ့တယ် “ဟု ရဲအုပ်ဇော်မျိုးထွန်း ကပြောကြားသည်။

ယာဉ်မရပ်ရ နေရာများတွင် မော်တော်ယာဉ်များ ရပ်နားခြင်း ရှိမရှိကို စောင့်ကြည့်သော ယာဉ်ထိန်းရဲ မရှိသေးသောကြောင့် ယင်းနေရာများ တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိကြောင်း တက္ကစီယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ယင်းနေရာများတွင် ရပ်နားသော ယာဉ်များကို တွေ့ရှိပါကကားနံပါတ်၊ ယာဉ်အမျိုးအစားတို့ကို မှတ်ထားပြီး ၅၁ လမ်းယာဉ်ထိန်းရုံးသို့ တိုင် ကြားနိုင်ကြောင်း သိရသည်။

ထုတ်ပြန်ထားသော ယာဉ်မရပ်ရနေရာများမှာ ပြည်လမ်း၊ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ သမိန်ဗရမ်းလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အရှေ့ ရွှေဂုံတိုင်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗညားဒလလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ အင်းယားလမ်း၊ အနော်ရထာလမ်း၊ ဓမ္မာစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းလမ်း၊ လှည်းတန်းလမ်း၊ အောက်ပုစွန်တောင်လမ်း၊ မဟာဗန္ဓုလလမ်း၊ သုဓမ္မာလမ်း ၊ ဝေဇယန္တာလမ်း၊ ပန်းဆိုးတန်းလမ်းမကြီးတို့
ဖြစ်ကြောင်း သိရသည်။

ယင်းနေရာများတွင် ရပ်တန့်သော ခရီးသည်တင် ယာဉ်လိုင်းများမှာ ရပ်၊ ချ၊တင်၊ထွက် စနစ်ဖြင့်သာ ကျင့်သုံးမောင်းနှင်း ရမည်ဖြစ်ပြီး၊ ဖြူနီ ကျား နေရာများတွင် ယာဉ်ရပ်တန့်ပါကမော်တော်ယာဉ် ပုဒ်မ ၁၅၃ ဈ အရ ဒဏ်ငွေ ကျပ် ၂၁၅၀၀နှင့်ဖြူနီကျား မတားထားသော နေရာများ တွင် ရပ်တန့်ပါက
ပုဒ်မ ၁၃၄ က အရ ဒဏ်ငွေကျပ် ၁၁၅၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှသိရသည်။

ရေးသားသူ - မေထက်မြင့်စိုး
People power

0 comments:

Post a Comment